အားလုံးပဲ မင်္ဂလာပါ။ ချဉ်ချဉ်စပ်စပ်အရသာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် ချဉ်စပ်တုန်ယမ်းဟင်းချို ပြုလုပ်နည်းလေး ဝေမျှပေးချင်ပါတယ်။

သူ့ချည်းပဲ သောက်မယ်ဆိုလည်း အရသာရှိသလို ထမင်းစားတဲ့အခါ ဟင်းရည်အနေနဲ့သောက်လို့လည်း ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန်ဆိတ် ၁၂ ကောင် (သို့) ၁၄ ကောင်
  • ကြက်ပြုတ်ရည် ပန်းကန်လုံး ၆ ခွက်ခန့်
  • စပါးလင် တစ်စည်း ( ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၃ ဇွန်းခန့်
  • ချင်း လက်ဖက်ရည်ဇွန်း ၆ ဇွန်းခန့်
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် တစ်ဝက်
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • မုန်လာဥနီ ၁ လုံး (ထူထူလှီးထားပါ)
  • တရုတ်မှို ပန်းကန်လုံး ၁ လုံး (သို့) ၂ လုံးခန့်
  • ချယ်ရီ ခရမ်းချဉ်သီး ပန်းကန်လုံး တစ်လုံးစာ ( တစ်ခြမ်းစီလှီးထားပါ)
  • အုန်းနို့ နို့ဆီဗူး လေးပုံ တစ်ပုံခန့်
  • တရုတ်နံနံ ပန်းကန်လုံး သုံးပုံ တစ်ပုံခန့်
  • ငရုတ်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်
  • သကြားအညို (မထည့်လည်းရပါတယ်)

ပြုလုပ်နည်းအဆင့်ဆင့်

ပထမဦးဆုံးအနေနဲ့ ပါဝင်ပစ္စည်းများကို စုထားလိုက်ပါ။

ထို့နောက် ကြက်ပြုတ်ရည်ကို အိုးထဲထည့်ပြီး မီးအနေတော်နဲ့ အပူပေးလိုက်ပါ။ စပါးလင်များလည်း တစ်ခါတည်း ထည့်ထားပါ။

အဲဒီနောက်မှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ သံပုယိုရည်၊ ငါးငံပြာရည်၊ ပဲငံပြာရည်နဲ့ မုန်လာဥနီတို့ကို ထပ်ထည့်ပါ။ မီးအပူကို လျော့လိုက်ပြီး အဖုံးအုပ်ထားပါ။ ၅ မိနစ်ခန့် တည်ထားပါ။

ပုစွန်ဆိတ်နဲ့ ချယ်ရီ ခရမ်းချဉ်သီးများကို ထပ်ထည့်ပြီး ၃ မိနစ်ခန့် တည်ထားပါ။ မီးအပူ ထပ်လျော့ပြီး အုန်းနို့ထည့်လိုက်ပါ။ ထို့နောက် အရသာမြည်းကြည့်ပြီးနောက် ငါးငံပြာရည်လိုသလောက် ထပ်ထည့်ပေးလိုက်ပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် တုန်ယမ်းဟင်းချိုကို သုံးဆောင်နိုင်ဖို့အတွက် ဟင်းရည်ပန်းကန်ထဲထည့်ပြီး တရုတ်နံနံထည့်ကာ သုံးဆောင်နိုင်ပါပြီ။

Source: www.thespruceeats.com