အာလူးမကြိုက်တဲ့သူ ရှားမယ်ထင်ပါတယ်နော်။ အာလူးဟာ စားစရာရင်းမြစ်တစ်ခုဖြစ်ပါတယ်။ မျိုးကွဲပေါင်းများစွာရှိပြီး စားလို့ရတဲ့အာလူးအမျိုးအစားကတော့ တစ်ရာကျော်ကျော်ပဲရှိပါတယ်။ အလွယ်စားလို့ရတဲ့ Fast Food အနေနဲ့လည်း သတ်မှတ်ကြပါတယ်။ အာလူးကြော်ကတော့ ကမ္ဘာတစ်ဝှမ်းမှာ အစားအများဆုံးဖြစ်ပါတယ်။ အာလူးဟာ လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ အစာအာဟာရတစ်ခုဖြစ်တယ်ဆိုတာ နည်းနည်းလောက်ကြည့်လိုက်ရအောင်

အာလူးမှာ Vitamin B3, Vitamin B6, Vitamin C, Potassium, Copper, Manganese, Phosphorus, Fiber, Pantothenic Acid တို့ကြွယ်ဝစွာပါဝင်ပါတယ် အဲ့တော့ အာလူးစားရင် ဘာဖြစ်မလဲ

  • အာလူးစားရင် သွေးတိုးရောဂါ ကာကွယ်နိုင်ပါတယ်။

  • Cell အသစ်တွေကို ပြန်လည်ဖြစ်ပေါ်စေပါတယ်။
  • ဦးနှောက်နဲ့အာရုံကြောစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
  • နှလုံးကျန်းမာရေးအတွက် အာလူးဟာ သက်တော်စောင့်ဖြစ်ပါတယ်။
  • ခန္ဓာကိုယ်ကြီးထွားစေတဲ့ အစာအုပ်စုထဲမှာ အာလူးလည်းပါတာကြောင့် ခန္ဓာကိုယ်ကို သန်မာစေပါတယ်။ (အကိတ်ဖြစ်ချင် အာလူးစားပါ)

နှလုံးရောဂါ၊ လေဖြတ်တာတွေကို ကာကွယ်ပေးနိုင်တဲ့ အာလူး

  • အရိုးကျန်းမာရေးကိုလည်း အာလူးက အထောက်အကူပြုပါသေးတယ်။
  • အာလူးထဲက Folate ဟာ ကင်ဆာဆဲလ်တွေကို တားဆီးပေးနိုင်ပါတယ်။
  • အာလူးဟာ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။

အာလူးဟာ ချက်ပြုတ်စားသုံးဖို့လွယ်ကူသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတာကြောင့် နေ့စဉ်စားသုံးပေးမယ်ဆိုရင် အကောင်းဆုံးပါပဲနော်။