ရုံးပတီသီး စားခြင်းဟာ သင့်ကို ဘယ်လို အကျိုးသက်ရောက်မှု ဖြစ်စေပါသလဲ။ ဒီမေးခွန်းဟာ ရိုးရှင်းပြီး လူတိုင်းဖြေနိုင်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရုံးပတီသီးဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အစွမ်းတွေ ရှိနေလို့ပါ။ ရုံးပတီသီးစားခြင်းရဲ့ အကျိုးဆက်ဟာ ဘယ်လို ကောင်းကျိုးတွေကို ယူဆောင်လာပေးနိုင်သလဲဆိုတာ ကြည့်ရအောင်ပါ။

၁။ အမျှင်ဓာတ်

ရုံးပတီသီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးဖြစ်ပြီး အစာချေဖျက်မှုကို အားပေးတဲ့ အပြင် ကိုယ်တွင်းက အဆိပ်ကို နိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်တဲ့ ဟင်းသီးဟင်းရွက်အမျိုးနွယ်ဝင် ဖြစ်တာကြောင့် ကိုယ်အလေးချိန် လျော့ချသူတို့ စားသင့်တဲ့ အသီးလည်း ဖြစ်ပါတယ်။

၂။ ဆီးချို

ရုံးပတီသီးဟာ သွေးထဲက သကြားဓာတ်ကို လျှော့ချပေးနိုင်ပြီး ကိုယ်တွင်းက သကြားကို စုပ်ယူတဲ့ နှုန်းထားကို ထိန်းထားနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေရဲ့ ဆေးတစ်ပါး အဖြစ် ရုံးပတီးသီးဟာ နာမည်ကျော်လှပါတယ်။

၃။ ကိုယ်ဝန်ဆောင်တွေ အတွက်

Folate တွေ အမြင့်ဆုံး ပါတာကြောင့် ကိုယ်ဝန်ဆောင်တွေ အတွက် စားသင့်တဲ့ အသီးပါ။ မွေးဖွားရလွယ်စေပြီး ကလေးငယ် ဖွံ့ဖြိုးမှုကို ကူညီပေးနိုင်တဲ့ အသီးပါ။

orka

၄။ အရိုးအတွက် ကောင်းမွန်

ရုံးပတီသီးဟာ ရိုးတွင်းခြင်ဆီကို အားကောင်းစေတဲ့ အတွက် အရိုးတွေကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ပါတယ်။
ဗီတာမင် K ကြွယ်ဝခြင်းဟာလည်း အရိုးရဲ့ စွမ်းဆောင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ အရွတ်တွေ အားမကောင်းသူ ဆိုရင်လည်း ရုံးပတီသီး များများ စားပေးပါ။

၅။ ရင်ကြပ်ရောဂါ

ရင်ကြပ်ရောဂါအတွက် အကောင်းဆုံး အသီးဟာ ရုံးပတီသီးပါ။ ဗီတာမင် စီနဲ့ အင်တီအောက်ဆီးဒင့်ဟာ ရင်ကြပ်စေခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၆။ အူမကြီးကင်ဆာ

အမျှင်ဓာတ်ကြွယ်ဝစေတဲ့ အစားအစာတွေဟာ အူမကြီးကို အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။ ရုံးပတီသီးဟာ အူမကြီးကင်ဆာဖြစ်ပွားမှုကို အနည်းဆုံး လျှော့ချပေးနိုင်တဲ့ အသီးအရွက် တစ်မျိုးပါ။

stewed-okra-close

၇။ အပူဒဏ်ကို ခံနိုင်ရည်ရှိ

အလွန်ပူပြင်းတဲ့ ရာသီတွေမှာ အပူဒဏ် ခံနိုင်ဖို့ အတွက် ရုံးပတီသီးဟာ ကူညီပေးနိုင်ပါတယ်။

၈။ အဝလွန်ခြင်းကို ထိန်းပေးနိုင်

ရုံးပတီသီးဟာ ကယ်လိုရီ မပါသလောက်ကို နည်းပါးပါတယ်။ အာဟာရပြည့်ဝပြီး အမျှင်ဓာတ် များပြားတဲ့ အတွက် အဝလွန်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ သွေးထဲက ကိုလက်စထရောကိုပါ လျှော့ချပေးနိုင်တဲ့ အတွက် ကျန်းမာပြီး ကိုယ်အလေးချိန် ထိန်းနိုင်ပါတယ်။

ရုံးပတီသီးကို မန်ကျည်းသီးနဲ့ အချဉ်ဆီပြန်လေး ချက်စားရင် ခံတွင်းမြိန်စေပြီး လွယ်ကူတဲ့ ဟင်းတစ်ခွက် ဖြစ်စေပါတယ်။
အကင်အနေနဲ့ စားတဲ့အခါမှာလည်း လူကြိုက်များလှတဲ့ အသီးပါ။

Source: househealthyfood
Photo Credit: pretikin.com