ယနေ့ခေတ်မှာ Alkaline ဖျော်ရည်ကို သောက်သုံးပေးဖို့ အရေးကြီးလာပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ ခန္တာကိုယ်က ရေဓါတ်အများဆုံးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး PH Balance မညီမျှတာရဲ့ ဆိုးကျိုးတွေကလည်း ကျန်းမာရေးကို ထိခိုက်စေလို့ပါ။

ကင်ဆာဆဲလ်တွေက Alkaline ဓါတ်ရှိတဲ့နေရာမှာ အသက်မရှင်နိုင်ပါဘူး။ အရေးကြီးဆုံးသိရမဲ့အချက်က ဦးနှောက်ဟာ ရေဓါတ် ၉၀ % နဲ့ အလုပ်လုပ်တယ်ဆိုတာပါပဲ။ ကျန်းမာရေးကိုအထူးဂရုစိုက်တယ် ကင်ဆာရောဂါနဲ့ ကင်းဝေးချင်တယ်ဆိုရင်တော့ ကင်ဆာတိုက်ဖျက်နိုင်တဲ့Alkaline ဖျော်ရည်ကိုအခုပဲ ပြုလုပ်လိုက်ကြရအောင်ပါ။
Alkaline ဖျော်ရည်ကိုဘယ်လိုလုပ်မလဲ
Alkaline လို့မှတ်ယူဖို့အတွက် ရေမှာ PH ၈ နဲ့ ၉ ကြား ရှိရမှာဖြစ်ပါတယ်။

PH Balance ညီမျှဖို့ဘာလို့အရေးကြီးသလဲ

ph-balance

ကျွန်မတို့တွေဟာ ခန္တာကိုယ်အတွက် အချည်ဓါတ် (Acid) များတဲ့ အစားအစားကို စားသုံးလာကြပါတယ်။ ဥပမာ အရက်သေစာသောက်သုံးတာ ၊ သကြားများများစားတာ ၊ ကဖိန်းဓါတ်ပါတဲ့အစားအစာနဲ့ အရည်သောက်တာ ၊ အသင့်စား အစားစာနဲ့ ဆားကို အများကြီးစားသုံးတာတွေပါ။ အဲဒီလိုစားသုံးတာဟာ ခန္တာကိုယ်အတွက် အချည်ဓါတ်များပြားစေပြီး ကိုယ်ခံအားနည်းလာတာ၊ ခေါင်းကိုက်တာ ၊ ပင်ပန်းနွမ်းနယ်တာ နဲ့ ဗိုက်နာတာအပါအဝင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
Acid ဓါတ်များတာ (သို့) Alkaline ဓါတ်များတာဟာ ကျန်းမာတဲ့ ဆဲလ်တွေက အဆိပ်အတောက်ဖြစ်စေနိုင်သလို ဆဲလ်တွေကို သေစေနိုင်ပါတယ်။ဒါ့ကြောင့် PH Balance ကို ညီမျှအောင်ထိန်းဖို့အရေးကြီးပါတယ်။
လက်ရှိကျွန်မတို့စားသုံးနေတဲ့စားအစာက Acid ဓါတ်များပြားတာကြောင့် Alkaline ဖျော်ရည်ကို သောက်သုံးပေးဖို့လိုအပ်လာပါတယ်။

ပါဝင်ပစ္စည်း

himalyan_salt-702x500lemon-940x627clean-drinking-water
ဆား (Himalayan Salt) စားပွဲတင်ဇွန်း ၁ ဇွန်း (ကျန်းမာရေးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်)
သန့်ရှင်းတဲ့ရေ ၂ လီတာ
အော်ဂဲလ်နစ် သံပုယိုသီး ၁ လုံး (ဆေးပြီး အချပ်လိုက်လှီးထားပါ)

ပြင်ဆင်ခြင်း

drink-this-daily
ကရားတစ်လုံးထဲကို ရေထည့်လိုက်ပါ။ အဲဒီနောက် သံပုယိုသီး လှီးထားတာကိုထည့်ပါ။ သံပုယိုသီးကို အရည်ညစ်ပေးစရာမလိုပါဘူး။ ဆားထည့်ပြီး အဖုံးပိတ်ထားပါ။ တစ်ညလောက် (၈နာရီကနေ ၁၂ နာရီထိ) အိမ်ထဲမှာ သိပ်ထားပါ။ မနက်ဖက်မှာ အဲဒီအရည်ကို အိပ်ယာနိုးနိုးချင်း ၃ ခွက်သောက်ပေးပါ။
ကင်ဆာရောဂါကနေ ကင်းဝေးနိုင်ကြပါစေ။