မုန်လာဥကို အစိမ်းလည်းစားလို့ရသလို၊ ချက်စားလို့လည်းရပြီး အာဟာရလည်း အများကြီးရှိတဲ့ အစားအစာပါ။

မုန်လာဥနီ ဖျော်ရည်ကို သောက်သုံးရင် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဝေမျှပေးချင်ပါတယ်။

ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး နှလုံးရောဂါကို ကာကွယ်ပေး

ကိုယ်ခံအားကို မြှင့်တင်ပေးပြီး နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ဗီတာမင် A ဓာတ် နှင့် Beta-Carotene ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ရောဂါပိုးမွှားတွေ ဝင်ရောက်မှုကနေ ကာကွယ်ပေးပါတယ်။

ဗီတာမင် A ဓာတ် ကြွယ်ဝမှုကြောင့် မုန်လာဥနီက နှလုံးရောဂါ၊ လေဖြတ်တာတွေလည်း ကာကွယ်ပေးပါတယ်။

ကိုလက်စထရော ဓာတ်ကို လျော့ချပေး

မုန်လာဥနီမှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်တာကြောင့် ကိုလက်စထရောဓာတ်ကို လျော့ချပေးပြီး နှလုံး ရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးပါတယ်။

အနာကျက်တာမြန်စေ

မုန်လာဥနီ ဖျော်ရည်က ပြင်ပက ဒဏ်ရာတွေ၊ အနာတွေကို ကျက်တာမြန်စေပါတယ်။  မုန်လာဥနီဖျော်ရည်မှာပါဝင်တဲ့ ဗီတာမင်စီဓာတ်က အနာကို အကျက်မြန်စေပါတယ်။

ကင်ဆာ ရောဂါကို ကာကွယ်ပေး

ကင်ဆာ မဖြစ်အောင် ဒါတွေ စားပေးပါ။

မုန်လာဥနီ မှာ ကင်ဆာ ရောဂါကို ကာကွယ်ပေးတဲ့ Anti-Cancer Agent တွေပါဝင်ပါတယ်။ဆီးကျိတ်၊ ရင်သားကင်ဆာ၊ အစာအိမ်ဟောင်းကင်ဆာ တို့ကို အဓိက ကာကွယ်ပေးနိုင်ပါတယ်။

အရိုးကို သန်မာစေ

အများအားဖြင့် နွားနို့ကဘဲ အရိုးကို သန်မာစေတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် မုန်လာဥနီလည်း အရိုးကို သန်မာစေပါတယ်။ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင် K က ခန္ဓာကိုယ်အတွင်းမှာ ပရိုတင်းဓာတ် တည်ဆောက်ရာမှာ အရေးပါပါတယ်။ အဲ့ဒီဓာတ်က ကယ်ဆီယမ်ဓာတ်ကို ပိုစုပ်ယူပေးပါတယ်။ ဒါ့ကြောင့် အရိုးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။