[Unicode]

သကြားသီးက အဝိုင်း နဲ့ ဘဲဥပုံသဏ္ဍန်ရှိပြီး အရသာရှိတဲ့အသီးပါပဲ။ ချိုတယ် ကယ်လိုရီပါဝင်မှုများတယ် ဒါပေမယ့် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေရှိနေပါသေးတယ်။

Sapota fruits

အမြင်အာရုံ

ဗီတာမင် A ပါဝင်မှုများလို့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အသက်အရွယ်အိုမင်းတဲ့အချိန်မှာ အမြင်အာရုံေ၀ဝါးမှုကို နှောင့်နှေးစေပါတယ်။

အားရှိစေတယ်

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များအတွက် ကောင်းမွန်တယ်

sapota-chikko-fruit-300x225

ကာဘွန်ဟိုက်ဒရိတ်နဲ့ တခြား အဟာရဓါတ်တွေပါဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်ကို အားရှိစေပါတယ်။ ပျို့အန်ခြင်း မူးဝေခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ ကျောက်ကပ်အတွင်းမှာ ကျောက်တည်တာကိုလည်း ကာကွယ်ပေးနိုင်ပြီး တခြား ကျောက်ကပ်နဲ့ ပတ်သတ်တဲ့ ရောဂါတွေကနေလည်း ကင်းဝေးစေပါတယ်။

သွား

Owoce_Sapodilla

သွားတွေကို ခိုင်ခန့်စေပါတယ်။ကယ်လ်ဆီယမ်ဓါတ်၊ ဖော့စဖော့ရပ်နဲ့ သံဓါတ်ပါဝင်လို့လည်း အရိုးတွေကို သန်မာစေပါတယ်။

အမျှင်ဓါတ်

အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးပြီး ဝမ်းမှန်စေပါတယ်။

သကြားသီးကို အမှည့်စားသုံးနိုင်ပါတယ်။ အသီးချည်းပဲစားသုံးနိုင်သလို ဖျော်ရည်လုပ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။

sapota

သတိပေးချက်= ဆီးချိုသမားတွေနဲ့ မတည့်ပါဘူး။ သကြားဓါတ်နဲ့ ကာဘွန်ဟိုက်ဒရိတ်ပါဝင်မှုများလို့ မစားသင့်ပါဘူးနော်။ စားမယ်ဆိုလည်း ဆရာဝန်နဲ့ အရင်တိုင်ပင်ကြည့်ပါ။

[Zawgyi]

သၾကားသီးက အ၀ိုင္း နဲ႔ ဘဲဥပံုသ႑န္ရွိၿပီး အရသာရွိတဲ့အသီးပါပဲ။ ခ်ိဳတယ္ ကယ္လိုရီပါ၀င္မႈမ်ားတယ္ ဒါေပမယ့္ က်န္းမာေရးအတြက္လည္း အက်ိဳးေက်းဇူးေတြရွိေနပါေသးတယ္။

Sapota fruits

အျမင္အာရံု

ဗီတာမင္ A ပါ၀င္မႈမ်ားလို႔ အျမင္အာရံုကို ေကာင္းမြန္ေစပါတယ္။ အသက္အရြယ္အိုမင္းတဲ့အခ်ိန္မွာ အျမင္အာရံုေ၀၀ါးမႈကို ေႏွာင့္ေႏွးေစပါတယ္။

အားရွိေစတယ္

ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အားအင္ေတြကို ေပးစြမ္းႏိုင္ပါတယ္။

ကိုယ္၀န္ေဆာင္မိခင္မ်ားအတြက္ ေကာင္းမြန္တယ္

sapota-chikko-fruit-300x225

ကာဘြန္ဟိုက္ဒရိတ္နဲ႔ တျခား အဟာရဓါတ္ေတြပါ၀င္ၿပီး ကိုယ္၀န္ေဆာင္မိခင္ကို အားရွိေစပါတယ္။ ပ်ိဳ႕အန္ျခင္း မူးေ၀ျခင္းကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

ေက်ာက္ကပ္က်န္းမာေရး

ေက်ာက္ကပ္ကို က်န္းမာေစပါတယ္။ ေက်ာက္ကပ္အတြင္းမွာ ေက်ာက္တည္တာကိုလည္း ကာကြယ္ေပးႏိုင္ၿပီး တျခား ေက်ာက္ကပ္နဲ႔ ပတ္သတ္တဲ့ ေရာဂါေတြကေနလည္း ကင္းေ၀းေစပါတယ္။

သြား

Owoce_Sapodilla

သြားေတြကို ခိုင္ခန္႔ေစပါတယ္။ကယ္လ္ဆီယမ္ဓါတ္၊ ေဖာ့စေဖာ့ရပ္နဲ႔ သံဓါတ္ပါ၀င္လို႔လည္း အရိုးေတြကို သန္မာေစပါတယ္။

အမွ်င္ဓါတ္

အမွ်င္ဓါတ္ၾကြယ္၀စြာပါ၀င္လို႔ အစာေခ်စနစ္ကိုေကာင္းမြန္ေစပါတယ္။ ၀မ္းခ်ဳပ္ျခင္းကေန ကာကြယ္ေပးၿပီး ၀မ္းမွန္ေစပါတယ္။

သၾကားသီးကို အမွည့္စားသံုးႏိုင္ပါတယ္။ အသီးခ်ည္းပဲစားသံုးႏိုင္သလို ေဖ်ာ္ရည္လုပ္ၿပီးလည္း ေသာက္သံုးႏိုင္ပါတယ္။

sapota

သတိေပးခ်က္= ဆီးခ်ိဳသမားေတြနဲ႔ မတည့္ပါဘူး။ သၾကားဓါတ္နဲ႔ ကာဘြန္ဟိုက္ဒရိတ္ပါ၀င္မႈမ်ားလို႔ မစားသင့္ပါဘူးေနာ္။ စားမယ္ဆိုလည္း ဆရာ၀န္နဲ႔ အရင္တိုင္ပင္ၾကည့္ပါ။