သံပုရာသီးကတော့ အိမ်တိုင်းမှာ တွေ့ရလေ့ရှိတဲ့ အသီးတစ်မျိုးပါပဲ။ ကျန်းမာရေးအတွက် အလှအပအတွက် နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ ဘာပဲဖြစ်ဖြစ် သံပုရာသီးက ကျန်းမာစေတဲ့ အစားအစာတစ်မျိုးဖြစ်လို့ ရောင်းအားအကောင်းဆုံး အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

limes1

အဆစ်နာတာကို ကာကွယ်ပေးတယ်

Ginger-for-Arthritis

Antioxidant တွေကြွယ်ဝစွာပါဝင်ပြီးတော့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် C လည်းကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ဆဲလ်တွေကို သေစေနိုင်ပြီး ရောင်ရမ်းနာကျင်တာတွေကို သက်သာစေပါတယ်။

အအေးမိ ဖျားနာခြင်းကို သက်သာစေခြင်း

2d274907862297-cold-flu-tissue-today-tease-150220_0b20d8b39b7ff9bfc1ec756d8ed5f91f

ဗီတာမင် C ပါဝင်လို့ အအေးမိဖျားနာတာတွေကိုသက်သာစေပါတယ်။ ဗီတာမင် C ကိုစားပေးတာဟာ အအေးမိဖျားနာတာကို ၅၀ %ထိလျှော့ချနိုင်ပါတယ်။

ကာလဝမ်းရောဂါကိုကာကွယ်ပေးခြင်း

ကာလဝမ်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဗီတာမင် A ပါဝင်ပြီး ဝမ်းရောဂါကိုသက်သာစေပါတယ်။

ကင်ဆာဆဲလ်တွေကို သေစေနိုင်ခြင်း

breast cancer ribbon

ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ အထူးသဖြင့် ခံတွင်းကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။

အစာချေစနစ်ကိုကောင်းမွန်စေခြင်း

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးနိုင်ရုံသာမက အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။