ရေများများသောက်ပြီး တစ်နေ့ကိုတစ်ပေါင်ထိလျှော့ချပေးနိုင်ပါတယ်။ အခုပြောပြမဲ့နည်းလမ်းကို တစ်ပတ်မှာ တစ်ခါလောက်လုပ်ပေးဖို့ အကြံပြုလိုပါတယ်။

မနက်စာ

tea-cup1image001girl-drink-water_2

ရေကို ခွက်ကြီးကြီးနဲ့ တစ်ခွက်သောက်ပါ။ (သို့) ရေနွေးကြမ်း (သို့) အသီးဖျော်ရည်သောက်ပါ။ အသီးဖျော်ရည် အသီးတွေကို သင်ကြိုက်သလောက် စားနိုင်ပါတယ်။

နေ့လည်မရောက်ခင်ထိ

10862

ရေ (သို့) ရေနွေးကြမ်း (သို့) အသီးဖျော်ရည် ခွက်ကြီးနဲ့တစ်ခွက်သောက်ပါ။ မတူညီတဲ့ အသီးအနှံတွေကို စားနိုင်သလောက်စားပေးပါ။ အသီးတွေထဲမှာ ရေပမာဏ အများဆုံးပါဝင်ပါတယ်။

နေ့လည်စာ

whole-house-water-filters-luxury-or-necessity1

နေ့လည်စာမစားခင်မှာ ရေကို ခွက်ကြီးကြီးနဲ့ တစ်ခွက်သောက်ပါ။ နေ့လည်စာစားပြီးရင် ရေနွေးကြမ်းသောက်ပါ။။ စားမဲ့နေ့လည်စာထဲမှာ အသီးအရွက်သုတ် တစ်ပွဲထည့်စားပါ။ ဒါ့အပြင် မုန်လာဥနီလိုမျိုး တခြား အသီးအရွက်အစိမ်းကိုလည်း စားသုံးနိုင်ပါတယ်။

မနက်လည်စာ

tea-08sut-urunleri-640

ရေ (သို့) ရေနွေးကြမ်း (သို့) သစ်သီးဖျော်ရည် တစ်ခွက်သောက်ပါ။ နွားနို့ (သို့) ဒိန်ချဉ် (သို့) ချိစ် ၃၀ ဂရမ် ကို စားသုံးနိုင်ပါတယ်။

ညစာ

meat-fishgrill-de-kobefeaturepics-glass-water-pouring-110022-1392721_e75d41ecdade11d3393db189f4c4d96a-today-inline-large

ညစာမစားခင် ရေကို ခွက်ကြီးကြီးနဲ့ တစ်ခွက်သောက်ပေးပြီး ညစာစားပြီးရင် ရေနွေကြမ်းတစ်ခွက် သောက်ပါ။ ညစာထဲမှာ အသား ၁၀၀ ဂရမ် (သို့) ငါး ၁၅၀ ဂရမ် (သို့) ကြက်ဥ ၁ လုံးကိုစားသုံးနိုင်ပြီး အသီးအရွက်နဲ့ သစ်သီးဝလံတွေကို စားသုံးပေးပါ။

သတိပေးချက်

အခုပြောပြမဲ့နည်းလမ်းကို တစ်ပတ်လုံးလုပ်မယ်ဆိုရ်င ခန္ဓာကိုယ်အတွင်း အဟာရဓါတ်မမျှတာမျိုးဖြစ်လာနိုင်ပါတယ်။ တစ်ပတ်မှာ တစ်ရက်လောက်ပဲ လုပ်ပေးပါ။

အရေးကြီးဆုံးအချက်

တစ်ရက်ကို အနည်းဆုံး ရေ ၈ ခွက်သောက်သုံးပေးပါ။ ရေပါဝင်မှုများတဲ့ အသီးအနှံ ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။ ဒီနည်းလမ်းကိုမလုပ်ဆောင်ခင် (သို့) တစ်ခြားနည်းလမ်းသစ်တစ်ခုခုကို လုပ်ဆောင်မယ်ဆိုတိုင်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။