ဝက်ခြံတွေ ကုသဖို့

အမေရိကန်ပြည်ထောင်စုမှာပြုလုပ်ခဲ့တဲ့ သုတေသနအရ အသက် ၂၀ နှင့် ၂၉  နှစ်အကြားရှိ အမျိုးသမီး ၅၀ ရာခိုင်နှုန်း၊ အသက် ၄၀ နှင့် ၄၉  နှစ်ကြားမှာ ၂၅ ရာခိုင်နှုန်းကျော်က ဝက်ခြံ ပြဿနာကို ခံစားနေရပါတယ်။

ပန်းသီးရှာလကာရည်က ဝက်ခြံတွေကို ပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ထဲမှာပါဝင်တဲ့ Hydroxy အက်ဆစ်တွေက ချွေးပေါက်တွေမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ပန်းသီးရှာလကာရည်ကို ဘယ်လိုသုံးမလဲ

Nature Face Packs for Acne

ပန်းသီးရှာလကာရည်ကို ရေနဲ့ကို ဆတူရောပါ။ ပျားရည် နည်းနည်းထည့်ပါ။ မျက်နှာပေါ်မှာ လိမ်းပါ။ ၁၅ မိနစ်လောက်ထားပြီးနောက် ရေဆေးချလိုက်ပါ။ နေ့စဉ်ဒီလိုလုပ်ပေးရင် ဝက်ခြံတွေ သိသာစွာ သက်သာသွားမှာဖြစ်ပါတယ်။

သောက်သုံးရန်

Apple Cider Vinegar

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း သို့ ၂ ဇွန်းကို ရေဖန်ခွက်တစ်ခွက်စာနဲ့ ရောလိုက်ပါ။ တစ်နေ့ကို တစ်ခွက် သို့ ၂ ခွက် သောက်ရင် အရေပြား ကျန်းမာရေး ကောင်းလာပါလိမ့်မယ်။