ကျန်းမာရေး - Health

ချောင်းဆိုးတာကို သက်သာပျောက်ကင်းစေမယ့် ကြက်သွန်နဲ့ မုန်လာဥနီ

July 28, 2017

ချောင်းဆိုးတာကို သက်သာပျောက်ကင်းစေမယ့် ကြက်သွန်နဲ့ မုန်လာဥနီ


Share this on:

မိုးတွင်းရောက်လာတာနဲ့ အအေးမိပြီး ချောင်းဆိုးလေ့ရှိပါတယ်။ ချောင်းဆိုးတာကလည်း လူကို ပင်ပန်းစေတဲ့အပြင် ကျောင်းစာလေ့လာရာ၊ အလုပ်လုပ်ရာတွေမှာလည်း အားကုန်စေပါတယ်။

ဒါပေမယ့် ချောင်းဆိုးပျောက်ဆေးတွေကလည်း အိပ်ငိုက်တာကြောင့် မသောက်ချင်ဘူးဆိုရင် သဘာဝနည်းနဲ့ ချောင်းဆိုးပျောက်တဲ့နည်းလမ်းကို ဝေမျှချင်ပါတယ်။

Garlic bulbs850

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်လာဥနီတို့က အသက်ရှူလမ်းကြောင်း ပိုးဝင်တာကြောင့် ဖြစ်ပေါ်တဲ့ ချောင်းဆိုးတာတွေကို သက်သာစေပါတယ်။

Harvesting bunch of fresh washed carrot on the old wooden background

လည်ချောင်း ရောင်ရမ်းတာ၊ အဆုတ် သန့်စင်ပေးတာနဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရာမှာ ကူညီပေးပါတယ်။

အဲ့ဒီအပြင် သူ့မှာ အမျှင်ဓာတ်တွေနဲ့ Antioxidants တွေပါဝင်တာကြောင့် သွေးထဲက ကိုလက်စထရောဓာတ်တွေကို ကျဆင်းအောင် လည်း ကူညီပေးပါတယ်။

Fresh bulbs of onion

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၁ မွှာ
  • အလယ်အလတ် ကြက်သွန်နီ တစ်လုံး
  • နံနံပင် ၁ ချောင်း
  • မုန်လာဥနီ အလယ်အလတ်တစ်လုံး
  • ရေ ၁ လီတာ

300-500-1-2-liters-packaged-drinking-water-250x250

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို ပါးပါးလှီးပြီး ရေ ၁လီတာထည့်ကာ ဖျော်စက်ထဲကို ထည့်ပါ။ အဲ့ဒါတွေကို ရောမွှေပြီး တစ်နေ့ကို ၂ ကြိမ် စားပေးပါ။

3-lemons

  • ကြက်သွန်နဲ့ သံပုရာသီး

ကြက်သွန် ရဲ့ အရည်က အသက်ရှူလမ်းကြောင်းအတွင်း ပိတ်ဆို့တာတွေနဲ့ ချောင်းဆိုးတာတွေကို သက်သာပျောက်ကင်းစေပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ ၁လုံးရဲ့ ၁၀က်
  • သံပုရာသီး တစ်လုံးရဲ့ တစ်ဝက်

ပြုလုပ်နည်း

ကြက်သွန်နီတစ်ဝက်ကို အရည်ညှစ်ပြီး သံပုရာသီး အရည်နဲ့ ရောလိုက်ပါ။

၃ နာရီခြားတစ်ခါ စားပွဲတင်ဇွန်း ၂ ဇွန်း စားပေးပါ။

Review

User Rating

3.5 (2 Votes)