ပန်းသီးရှာလကာရည်တွေဟာ လူတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဈေးအနည်းငယ် မြင့်ပေမယ့် အချို့ ဥရောပအစားအစာတွေနဲ့၌ အနောက်တိုင်းအစားအစာတွေကို ချက်ပြုတ်တဲ့အခါ သုံးရလေ့ရှိတာကြောင့် စူပါမားကတ်တွေမှာ ဝယ်ယူလို့ရပါတယ်။ မြန်မာဟင်းလျာတွေမှာတော့ အသုံးနည်းပါတယ်။

ပန်းသီးရှာလကာရည်ရဲ့ လူသိနည်းတဲ့ အချို့အချက်တွေ ရှိပါသေးတယ်။

အစာအိမ်အတွက် ကောင်းမွန်

မကောင်းတဲ့ ဘတ်တီးရီးယားတွေကို တိုက်ခိုက်ပေးပြီး အစာအိမ်အတွက် အကူအညီပေးပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့မှာ ပိုးသတ်နိုင်တဲ့ စွမ်းအင်အချို့ ရှိလို့ပါ။

စွမ်းအင်ကို တိုးပွားစေ

Energy Drink

သူ့မှာ ဗီတာမင် အီး၊ အေနဲ့ ဘီတို့ ပါဝင်ပြီး မက်ဂနီဆီယမ်၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပန်းသီး ရှာလကာရည်ကို ရေနဲ့ ရောပြီး သောက်ပေးရင်တောင် စွမ်းအင်ကို တိုးပွားစေနိုင်တဲ့ သတ္တိတွေ ရစေနိုင်ပါတယ်။

လည်ချောင်းနာခြင်းကို သက်သာစေနိုင်

လည်ပင်းနာတာ၊ လည်ပင်းရောင်တာတို့ကို ပျောက်ကင်းစေမယ့် ပန်းသီး ရှာလကာရည်

လည်ချောင်းနာခြင်းကို ပြင်းပြင်းထန်ထန် ခံစားနေရပြီဆိုရင်တော့ ပန်းသီးရှာလကာရည် အနည်းငယ်ကို ရေခပ်နွေးနွေးနဲ့ ရောပြီး ငုံပေးပါ။ မကောင်းတဲ့ ပိုးတွေကို လည်ချောင်း တစ်လျှောက် ရှင်းပေးပြီး လည်ချောင်းနာခြင်းကို သက်သာစေနိုင်ပါတယ်။

ကိုယ်အလေးချိန် လျှော့ချနိုင်

ကိုယ်အလေးချိန် လျှော့ချဖို့ အတွက် ကူညီနိုင်ပြီး အစာစားချင်စိတ်ကို မဖြစ်ပေါ်စေနိုင်တဲ့ အစွမ်း ရှိပါတယ်။

Credit: zeenews