မျက်လုံးဆိုတာ ကျွန်မတို့ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ တကယ်ကို အရေးကြီးတဲ့အရာပါပဲ။ လှပတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ခွင့်ရတာဟာလည်း ဆုလဒ်တစ်ခုပါ။ အိပ်ရေးပျက်လို့ပဲဖြစ်ဖြစ်၊ အိပ်မပျော်လို့ပဲဖြစ်ဖြစ် မျက်ကွင်းရောင်လာတာ မျက်ကွင်းညိုတာတွေကို ဖြစ်စေပါတယ်။

ဒီလိုပြဿနာတွေကို သက်သာစေမယ့်အပြင် တောက်ပတဲ့အကြည့်တွေကို ပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • နနွင်း
  • ပျားရည်

ပြုလုပ်နည်း

နနွင်းနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဆီကို ရောပြီး မျက်လုံးနားတစ်ဝိုက်မှာ ၁၀ မိနစ်လောက် လိမ်းပေးထားရမှာပါ။
မျက်ကွင်းညိုတာကိုပျောက်ကင်းစေပြီး သွေးလည်ပတ်မှုကောင်းတာကြောင့် မျက်ကွင်းညိုတာကိုလည် သက်သာစေပါတယ်။

နောက်တစ်နည်း

ပါဝင်ပစ္စည်း

  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်ခုကိုရောပြီး မျက်လုံးနားတစ်ဝိုက်ကိုလိမ်းထားပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ရေဆေးချပါ။ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးကို လန်းဆန်းစေမဲ့အပြင် တောက်ပတဲ့အကြည့်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ မျက်လုံးအတွက်သာမက မျက်နှာပေါ်မှာလည်း လိမ်းပေးနိုင်ပါတယ်။ အသားအရေကို ဖြူဝင်းလာစေမှာပါ။