မြန်မာလူမျိုးတွေရဲ့ အဓိကအစားအစာကတော့ ထမင်းပဲဖြစ်ပါတယ်။ ထမင်းကြော်၊ ထမင်းပေါင်း စသည်ဖြင့် အမျိုးမျိုး ပြုလုပ်စားသောက်ကြပါတယ်။ ဒီတစ်ခါမှာတော့ ထူးထူးဆန်းဆန်းလေးလည်းဖြစ်အောင် အာဟာရပြည့်ဝတဲ့ထမင်းလည်း ပါဝင်အောင် ပြုလုပ်လို့ရတဲ့ ဟင်းချက်နည်းတစ်မျိုးကို ဝေမျှပေးချင်ပါတယ်။ အဲ့ဒါကတော့ ဒိန်ခဲ ကြက်ဥ ထမင်းဆုပ်လုံးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းကန်လုံး ၂ လုံးစာ ထမင်း
  • ပါးပါးလှီးထားသော ဒိန်ခဲ ပန်းကန်လုံး တစ်လုံးစာ

Photo Source: www.mydeliciousmeals.com

  • လေးထောင့် အတုံးသေး တုံးထားသော ဒိန်ခဲ ၈ တုံး
  • ကြက်ဥ ၃ လုံး
  • ပေါင်မုန့်အစအနများ ပန်းကန်လုံး တစ်လုံးစာ

Photo Source: www.bbcgoodfood.com

  • ဆီ
  • ဆော့စ်အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ထမင်းထည့်ပြီးနောက် ကြက်ဥတစ်လုံးဖောက်ထည့်လိုက်ပါ။ ထို့နောက် ပါးပါးလှီးထားသော ဒိန်ခဲမှာ ထပ်ထည့်ပြီး လက်ချောင်းများနဲ့ သမအောင်နယ်ပေးလိုက်ပါ။ ပြီးတဲ့အခါ ထမင်းအနည်းငယ်ယူပြီး အလယ်ဗဟိုတည့်တည့်မှာ လေးထောင့်အတုံးသေး ဒိန်ခဲများကို ထည့်ပြီး ထမင်းဆုပ်လုံးလိုက်ပါ။ ဒိန်ခဲက ၈ တုံးဖြစ်တဲ့အတွက် ထမင်းဆုပ်လုံး ၈ တုံးရရှိပါလိမ့်မယ်။

ကျန်တဲ့ ကြက်ဥ ၂ လုံးကို မွှေခလောက်ပြီးနောက် ထမင်းဆုပ်လုံးများကို ကြက်ဥထဲ နှစ်လိုက်ပါ။ ပြီးတဲ့အခါ ပေါင်မုန့်အစအနများထဲသို့ ထမင်းဆုပ်များကို ထပ်ထည့်လိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ထမင်းဆုပ်လုံးများကို ဆီပူထဲမှာ ထည့်ကြော်ပေးလိုက်ပါ။ ထမင်းလုံးများ ရွှေညိုရောင်ပြောင်းလာတဲ့အထိ ကြော်ပေးပါ။

ဆီထဲက ဆယ်ယူတဲ့အခါ ဆီစစ်တဲ့ဇွန်းနဲ့ ဆယ်ယူပြီး ဆီစုပ်စက္ကူခံကာ ပန်းကန်ထဲထည့်ထားလိုက်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ဆားနဲ့ ငရုတ်ကောင်းအနည်းငယ်ဖြူပြီး အရသာရှိတဲ့ ချိစ် ကြက်ဥ ထမင်းဆုပ်ကြော်ကို ဆော့စ်နဲ့ မြိန်ရေယှက်ရေသုံးဆောင်နိုင်ပါပြီ။

Source: www.justataste.com