[Unicode]

ခွန်အားဖြည့် အချိုရည် (Energy Drink) က ဂိမ်းဆော့သူတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ အားကစားသမားတွေစတဲ့ လူတော်တော်များများ သောက်လေ့သောက်ထရှိကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ၂၀၁၂ ခုနှစ်တုန်းက ခွန်အားဖြည့် အချိုရည် (Energy Drink) ရဲ့ ဝယ်ယူမှုနှုန်းက အမေရိကန်ဒေါ်လာ သန်း ၁၂၅၀ နီးပါးရှိခဲ့ပါတယ်။၂၀၁၇ ခုနှစ်မှာဆိုရင်တော့ ဝယ်ယူမှုနှုန်း သန်း ၂၁၅၀ နီးပါးရှိမယ်လို့ မျှော်မှန်းထားပါတယ်။

HE_energy-drinks_s4x3_lead

ဒီလို လူတော်တော်များများက နေ့တိုင်း ခွန်အားဖြည့် အချိုရည် (Energy Drink) ကို သောက်သုံးနေကျပေမယ့် တကယ်တမ်း ခွန်အားဖြည့် အချိုရည် (Energy Drink) တွေက ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ Energy Drinks တွေဟာ သွေးတိုးရောဂါ၊ အဝလွန်ခြင်း၊ ဆီးချို၊ နှလုံးရောဂါ၊ ညအိပ်မပျော်ခြင်းနဲ့ တခြား ရောဂါတွေကို ဖြစ်စေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာဆိုရင် ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ခွန်အားဖြည့် အချိုရည် (Energy Drink) သောက်သုံးမှုကြောင့် သေဆုံးတဲ့သူပေါင်း ၃၄ ဦး ရှိပါတယ်။ ခွန်အားဖြည့် အချိုရည်သောက်ပြီးနောက် သေဆုံးသွားတဲ့ သေဆုံးမှုမျိုးကိုသာ စာရင်းပြုစုထားတာကြောင့် ဒီထက်ပိုဖို့ဘဲ ရှိပါတယ်။

energy-drink-dangers1

လူထောင်ပေါင်းများစွာကတော့ Energy Drinks အလွန်အကျွံသောက်သုံးခြင်းရဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့ ညအိပ်မပျော်ခြင်း၊ စိုးရိမ်ကြောက်ကြခြင်း၊ သွေးတိုးခြင်း၊ နှလုံး ရုတ်တရပ် ရပ်တန့်ခြင်း နဲ့ တခြား နှလုံးရောဂါဆိုင်ရာ ပြဿနာတွေကြောက် ဆေးရုံတက်ကုသခဲ့ရမှုတွေရှိပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၁ ခုနှစ်က အသက် ၁၄ နှစ်အရွယ် Anais Fournier က နှလုံးရုတ်တရပ် ရပ်တန့်မှု (Heart Attack)ဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ သူ မသေဆုံးခင် ၄၈ နာရီအတွင်း Energy Drinks ၄ ဗူးကို သောက်သုံးခဲ့ပါတယ်။ သူ့သွေးထဲမှာ ကဖိန်းဓာတ် ၄၈၀ မီလီဂရမ် ရှိနေတာကြောင့် သူသောက်ခဲ့တဲ့ ပမာဏဟာဆိုရင် ဆယ်ကျော်သက်ကလေးတွေ သောက်သင့်တဲ့ ပမာဏထက် ၅ ဆပိုများနေပါတယ်။

energydrink

ခွန်အားဖြည့် အချိုရည်တွေကို ခန္ဓာကိုယ်က ဘယ်လို တုံ့ပြန်သလဲ

ခွန်အားဖြည့် အချိုရည် (Energy Drinks) တွေကို ကဖိန်း၊ ပြုပြင်ထားတဲ့ သကြား နဲ့ တခြား ပါဝင်ပစ္စည်းတွေပါဝင်နေပါတယ်။ တချို့ အချိုရည်တွေက ဆေးဘက်ဝင် အပင်တွေ၊ ဗီတာမင်တွေ ပါတယ်လို့တော့ ကြော်ငြာထားပေမယ့်လည်း အန္တရာယ်ရှိတဲ့ အခြေအနေထဲမှာတော့ ရှိနေပါတယ်။

ခွန်အားဖြည့် အချိုရည် တစ်ဗူးကို သောက်ပြီး ၃၅ မိနစ်အကြာမှာဆိုရင် သွေးပေါင်ချိန်ဟာ ၆.၆ လောက် မြင့်တက်သွားပြီး Norepinephrine နဲ့ စိတ်ဖိစီးမှု ဟော်မှုန်းတွေဟာဆိုရင် ၇၅ ရာခိုင်နှုန်းလောက်မြင့်တက်သွားပါတယ်။ Norepinephrine ဟော်မှုန်းတွေဟာဆိုရင် အဆီကို သိမ်းဆည်းထားတဲ့ ဟော်မှုန်းတွေထုတ်တာကြောင့် ကိုယ်အလေးချိန် ပိုတက်လာနိုင်ပါတယ်။

1

ခွန်အားဖြည့် အချိုရည်တွေက ခန္ဓာကိုယ်ရဲ့ အာရုံကြော စနစ်နဲ့ နှလုံးကို ထိခိုက်စေပါတယ်။ ခန္ဓာကိုယ်ကို တက်ကြွစေတဲ့ ကဖိန်းဓာတ်တွေနဲ့ သကြားဓာတ်တွေက နှလုံးနဲ့ အာရုံကြောစနစ်ကို ထိခိုက်စေတာပါ။

အားဖြည့်အချိုရည်တစ်ဗူးမှာ သကြား ၇၈ ဂရမ်လောက်ပါတာကြောင့် တစ်ဗူးသောက်တိုင်းသကြား လက်ဘက်ရည်ဇွန်း ၂၀ လောက်စားတာနဲ့ညီမျှပါတယ်။ ဒါကြောင့် သာမန် အချိုရည်တစ်ဗူးမှာအနည်းဆုံး သကြားဓာတ် ၃၀ ဂရမ်နဲ့ ကယ်လိုရီ ၂၈၀ လောက်ပါဝင်ပါတယ်။

images

ကလေးတွေ အန္တရာယ်

ဆေးလိပ်တို့ အရက်တို့လို အသက်အကန့်အသတ်မထားဘဲ ရောင်းချတာကြောင့် ဆယ်ကျော်သက်တို့နဲ့ကလေးတွေအတွက် အန္တရာယ်ရှိနေတာဖြစ်ပါတယ်။

အားဖြည့်အချိုရည် လွန်ကဲစွာသောက်ပြီး ကဖိန်းဓာတ် များတာကြောင့် ဆေးရုံတက်ရသူတွေထဲမှာ ၅၀ ရာခိုင်နှုန်းက အသက် ၁၉ နှစ်အောက်ဖြစ်ပါတယ်။

အသက် ၄ နှစ်အောက်ဆိုရင် လုံးဝမသောက်သုံးသင့်ပါဘူး။ အသက် ၄ နှစ်ကနေ ၆ နှစ်အတွင်းကလေးတွေက တစ်နေ့ကို အများဆုံး အားဖြည့်အချိုရည် ၄၅ မီလီဂရမ်လောက်ဘဲ သောက်သင့်ပါတယ်။

ဆွီဒင်နိုင်ငံမှာဆိုရင် ခွန်အားဖြည့်အချိုရည် တွေကို ဆေးဝါးရောင်းချတဲ့ဆိုင်မှာဘဲ ရောင်းခွင့်ရှိပြီး ကလေးတွေကို ရောင်းချခွင့် ပိတ်ထားပါတယ်။

[Zawgyi]

ခြန္အားျဖည့္ အခ်ိဳရည္ (Energy Drink) က ဂိမ္းေဆာ့သူေတြ၊ ေက်ာင္းသား ေက်ာင္းသူေတြ၊ အားကစားသမားေတြစတဲ့ လူေတာ္ေတာ္မ်ားမ်ား ေသာက္ေလ့ေသာက္ထရွိၾကပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာဆိုရင္ ၂၀၁၂ ခုႏွစ္တုန္းက ခြန္အားျဖည့္ အခ်ိဳရည္ (Energy Drink) ရဲ႕ ၀ယ္ယူမႈႏႈန္းက အေမရိကန္ေဒၚလာ သန္း ၁၂၅၀ နီးပါးရွိခဲ့ပါတယ္။၂၀၁၇ ခုႏွစ္မွာဆိုရင္ေတာ့ ၀ယ္ယူမႈႏႈန္း သန္း ၂၁၅၀ နီးပါးရွိမယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။

HE_energy-drinks_s4x3_lead

ဒီလို လူေတာ္ေတာ္မ်ားမ်ားက ေန႔တိုင္း ခြန္အားျဖည့္ အခ်ိဳရည္ (Energy Drink) ကို ေသာက္သံုးေနက်ေပမယ့္ တကယ္တမ္း ခြန္အားျဖည့္ အခ်ိဳရည္ (Energy Drink) ေတြက က်န္းမာေရးကို ထိခိုက္ႏိုင္ပါတယ္။ Energy Drinks ေတြဟာ ေသြးတိုးေရာဂါ၊ အ၀လြန္ျခင္း၊ ဆီးခ်ိဳ၊ ႏွလံုးေရာဂါ၊ ညအိပ္မေပ်ာ္ျခင္းနဲ႔ တျခား ေရာဂါေတြကို ျဖစ္ေစပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာဆိုရင္ ၂၀၀၄ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အတြင္း ခြန္အားျဖည့္ အခ်ိဳရည္ (Energy Drink) ေသာက္သံုးမႈေၾကာင့္ ေသဆံုးတဲ့သူေပါင္း ၃၄ ဦး ရွိပါတယ္။ ခြန္အားျဖည့္ အခ်ိဳရည္ေသာက္ၿပီးေနာက္ ေသဆံုးသြားတဲ့ ေသဆံုးမႈမ်ိဳးကိုသာ စာရင္းျပဳစုထားတာေၾကာင့္ ဒီထက္ပိုဖို႔ဘဲ ရွိပါတယ္။

energy-drink-dangers1

လူေထာင္ေပါင္းမ်ားစြာကေတာ့ Energy Drinks အလြန္အကၽြံေသာက္သံုးျခင္းရဲ႕ ေရာဂါလကၡဏာေတြျဖစ္တဲ့ ညအိပ္မေပ်ာ္ျခင္း၊ စိုးရိမ္ေၾကာက္ၾကျခင္း၊ ေသြးတိုးျခင္း၊ ႏွလံုး ရုတ္တရပ္ ရပ္တန္႔ျခင္း နဲ႔ တျခား ႏွလံုးေရာဂါဆိုင္ရာ ျပႆနာေတြေၾကာက္ ေဆးရုံတက္ကုသခဲ့ရမႈေတြရွိပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ၂၀၁၁ ခုႏွစ္က အသက္ ၁၄ ႏွစ္အရြယ္ Anais Fournier က ႏွလံုးရုတ္တရပ္ ရပ္တန္႔မႈ (Heart Attack)ျဖစ္ၿပီး ေသဆံုးခဲ့ပါတယ္။ သူ မေသဆံုးခင္ ၄၈ နာရီအတြင္း Energy Drinks ၄ ဗူးကို ေသာက္သံုးခဲ့ပါတယ္။ သူ႔ေသြးထဲမွာ ကဖိန္းဓာတ္ ၄၈၀ မီလီဂရမ္ ရွိေနတာေၾကာင့္ သူေသာက္ခဲ့တဲ့ ပမာဏဟာဆိုရင္ ဆယ္ေက်ာ္သက္ကေလးေတြ ေသာက္သင့္တဲ့ ပမာဏထက္ ၅ ဆပိုမ်ားေနပါတယ္။

energydrink

ခြန္အားျဖည့္ အခ်ိဳရည္ေတြကို ခႏၶာကိုယ္က ဘယ္လို တုံ႔ျပန္သလဲ

ခြန္အားျဖည့္ အခ်ိဳရည္ (Energy Drinks) ေတြကို ကဖိန္း၊ ျပဳျပင္ထားတဲ့ သၾကား နဲ႔ တျခား ပါ၀င္ပစၥည္းေတြပါ၀င္ေနပါတယ္။ တခ်ိဳ႕ အခ်ိဳရည္ေတြက ေဆးဘက္၀င္ အပင္ေတြ၊ ဗီတာမင္ေတြ ပါတယ္လို႔ေတာ့ ေၾကာ္ျငာထားေပမယ့္လည္း အႏၱရာယ္ရွိတဲ့ အေျခအေနထဲမွာေတာ့ ရွိေနပါတယ္။

ခြန္အားျဖည့္ အခ်ိဳရည္ တစ္ဗူးကို ေသာက္ၿပီး ၃၅ မိနစ္အၾကာမွာဆိုရင္ ေသြးေပါင္ခ်ိန္ဟာ ၆.၆ ေလာက္ ျမင့္တက္သြားၿပီး Norepinephrine နဲ႔ စိတ္ဖိစီးမႈ ေဟာ္မႈန္းေတြဟာဆိုရင္ ၇၅ ရာခိုင္ႏႈန္းေလာက္ျမင့္တက္သြားပါတယ္။ Norepinephrine ေဟာ္မႈန္းေတြဟာဆိုရင္ အဆီကို သိမ္းဆည္းထားတဲ့ ေဟာ္မႈန္းေတြထုတ္တာေၾကာင့္ ကိုယ္အေလးခ်ိန္ ပိုတက္လာႏိုင္ပါတယ္။

1

ခြန္အားျဖည့္ အခ်ိဳရည္ေတြက ခႏၶာကိုယ္ရဲ႕ အာရုံေၾကာ စနစ္နဲ႔ ႏွလံုးကို ထိခိုက္ေစပါတယ္။ ခႏၶာကိုယ္ကို တက္ၾကြေစတဲ့ ကဖိန္းဓာတ္ေတြနဲ႔ သၾကားဓာတ္ေတြက ႏွလံုးနဲ႔ အာရုံေၾကာစနစ္ကို ထိခိုက္ေစတာပါ။

အားျဖည့္အခ်ိဳရည္တစ္ဗူးမွာ သၾကား ၇၈ ဂရမ္ေလာက္ပါတာေၾကာင့္ တစ္ဗူးေသာက္တိုင္းသၾကား လက္ဘက္ရည္ဇြန္း ၂၀ ေလာက္စားတာနဲ႔ညီမွ်ပါတယ္။ ဒါေၾကာင့္ သာမန္ အခ်ိဳရည္တစ္ဗူးမွာအနည္းဆံုး သၾကားဓာတ္ ၃၀ ဂရမ္နဲ႔ ကယ္လိုရီ ၂၈၀ ေလာက္ပါ၀င္ပါတယ္။

images

ကေလးေတြ အႏၱရာယ္

ေဆးလိပ္တို႔ အရက္တို႔လို အသက္အကန္႔အသတ္မထားဘဲ ေရာင္းခ်တာေၾကာင့္ ဆယ္ေက်ာ္သက္တို႔နဲ႔ကေလးေတြအတြက္ အႏၱရာယ္ရွိေနတာျဖစ္ပါတယ္။

အားျဖည့္အခ်ိဳရည္ လြန္ကဲစြာေသာက္ၿပီး ကဖိန္းဓာတ္ မ်ားတာေၾကာင့္ ေဆးရုံတက္ရသူေတြထဲမွာ ၅၀ ရာခိုင္ႏႈန္းက အသက္ ၁၉ ႏွစ္ေအာက္ျဖစ္ပါတယ္။

အသက္ ၄ ႏွစ္ေအာက္ဆိုရင္ လံုး၀မေသာက္သံုးသင့္ပါဘူး။ အသက္ ၄ ႏွစ္ကေန ၆ ႏွစ္အတြင္းကေလးေတြက တစ္ေန႔ကို အမ်ားဆံုး အားျဖည့္အခ်ိဳရည္ ၄၅ မီလီဂရမ္ေလာက္ဘဲ ေသာက္သင့္ပါတယ္။

ဆြီဒင္ႏိုင္ငံမွာဆိုရင္ ခြန္အားျဖည့္အခ်ိဳရည္ ေတြကို ေဆး၀ါးေရာင္းခ်တဲ့ဆိုင္မွာဘဲ ေရာင္းခြင့္ရွိၿပီး ကေလးေတြကို ေရာင္းခ်ခြင့္ ပိတ္ထားပါတယ္။