ဆီကို နေ့စဉ် အသုံးများသော သူများအတွက် ဆီမပါဘဲ အရသာရှိရှိ စားနိုင်မယ့် ကြက်သားသုပ်လေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် – ၂ ပေါင် (ပြုတ်ထားပါ)
  • နံနံပင် – ၁ စည်း (ခပ်ကြမ်းကြမ်းလှီးထားပါ)
  • ကြက်သွန်မြိတ် – ၃ ပင် (လက်တစ်ဆစ်လောက်ပိုင်းထားပါ)
  • ငရုတ်သီးစိမ်း – ၃ တောင့် (ပါးပါးလှီးထားပါ)
  • Thai Spicy Salad Dressing – စားပွဲဇွန်း ၇ ဇွန်း (လိုသလောက်ထည့်ပါ)
  • ခရမ်းချဉ်သီး – ၅ လုံး (အရှည်လိုက်ပါးပါးလှီးထားပါ)
  • ခရမ်းချဉ်သီး – ၅ လုံး (အရှည်လိုက်ပါးပါးလှီးထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း(လိုသလောက်ထည့်ပါ)
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
  • ကရဝေးရွက် – ၂ ရွက်
  • ချင်း – ၁ စင်တီမီတာ

ပြုလုပ်နည်း

  1. ဇောက်နက်အိုးထဲ ကြက်ပေါင်၊ နနွင်းမှုန့်၊ ငံပြာရည်၊ ကရဝေးရွက်နှင့် ချင်းများထည့်ပြီး ကြက်ပေါင်မြုပ်တဲ့အထိ ရေထည့်ပါ။ ကြက်သား နူးအိတဲ့အထိတည်ပါ။
  2. ကြက်သားတုံးများဆယ်ပြီး အအေးခံထားပါ။ အေးလျှင် ကြက်သားအမျှင်လေးများ မျှင်ထားပါ။
  3. ဖန်ဇလုံအကြီးထဲ ကြက်သားမျှင်နှင့် ကျန်ပါဝင်ပစ္စည်းများ ကိုယ့်စိတ်ကြိုက် အရသာအတိုင်း ထည့်ပြီး နှံ့အောင်နယ်ပါ။ လတ်လတ်ဆတ်ဆတ် ချက်ချင်းစားပါ။ ထမင်းနှင့် သုံးဆောင်လျှင်လည်း ထမင်းမြိန်စေပါတယ်။