ပါဝင်ပစ္စည်းများ

  • သစ်တော်သီး (အဝါ) – ၁ လုံး
  • မှုန်လာဥအပန်းရောင်(အဝိုင်း) ၃ လုံး
  • ပူဒီနာရွက် စားပွဲတင်ဇွန်း ၃ ဇွန်း(သို့) အခြောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • တို့ဟူး အပျော့ ၁ထုတ်
  • နှမ်းစေ့ – လ္ဘက်ရည်ဇွန်း ၂ ဇွန်း
  • မုန်လာဥ (အနု) သို့ ဂျင်း (နု) – လ္ဘက်ရည်ဇွန်း ၂ ဇွန်း
  • အချဉ်ရည်
  • သံလွင်ဆီ – လ္ဘက်ရည်ဇွန်း ၂ ဇွန်း
  • ဆန်ရှာလကာရည် (သို့) ပန်းသီးရှာလကာရည် လ္ဘက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ – လ္ဘက်ရည်ဇွန်း တစ်ဝက်
  • ဂျင်းနု – လ္ဘက်ရည်ဇွန်း ၂ ဇွန်း (ခြစ်)
  • ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

  1. ပါဝင်သောပစ္စည်းအားလုံးကို ပုဂံလုံး(သို့) အဖုံးပါသောပုလင်းထဲသို့ ထည့်၍ရောနှောပါ။ သစ်တော်သီးနှင့် မုန်လာဥနီကို ပါးပါးလှီးပါ။
  2. တို့ဟူးကို အတုံးသေးသေးတုံးပါ။ ပုဂံပြားတစ်ခုထဲသို့ သစ်တော်သီးနှင့် မုန်လာဥနီကို ပန်းပုံသဏ္ဍာန်ဖြစ်အောင် လှပအောင် စီရီလိုက်ပါ။
  3. တို့ဟူးများကို အလယ်ခေါင်တွင်ထားပါ။
  4. မုန်လာဥအနု (သို့) ဂျင်းအနုကလေးများကို အပေါ်တွင်တင်ပါ။ ပူဒီနာရွက်နှင့် နှမ်းစေ့တို့ကို အပေါ်တွင်ဖြူးတင်ပါ။
  5. အချဉ်ရည်စော့ကို လှုပ်ခါပြီး အပေါ်သို့လောင်းတင်ပါ။