ဂျပန်စားသောက်ဆိုင်တွေမှာ ရတဲ့ ပုစွန်တန်ပူရာက ရွရွလေးလေးနဲ့ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းပါတယ်။

တခြားစားသောက်ဆိုင်တွေမှာ ကြော်တဲ့ တန်ပူရာကြော်တွေနဲ့ မတူပါဘူး။

၁၆ ရာစုနှစ်လောက်က တန်ပူရာဆိုတဲ့ အစားအစာကို ဒတ်ချ်တွေက ဂျပန်နိုင်ငံကိုယူဆောင်လာတာဖြစ်ပြီး အခုဆိုရင် ဂျပန်မှာဆိုရင် ဂန္တဝင် အစားအစာတစ်ခုတောင်ဖြစ်နေပါပြီ။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၅ ကောင်
  • ကြိတ်ထားတဲ့ ဂျင်း ၂ ဂရမ် (မထည့်လည်းရပါတယ်)
  • အကြော်မှုန့် ¼ Cup
  • သံလွင်ဆီ ၁ လီတာ
  • မုန်လာဥ အမှုန့် ၄ ဂရမ် (မထည့်လည်း ရပါတယ်)

အကြော်မှုန့်စပ်ဖို့

  • ဂျုံမှုန့် (Cake Flour) ½ Cup
  • ပြောင်းဖူးမှုန့် (Cornstarch) ½ Cup
  • ဘဲဥအကာချည်း ၁ လုံး
  • ရေခဲရေ 120 ml
  • ရေခဲတုံး အနည်းငယ်

တန်ပူရာ ဆော့စ် လုပ်ဖို့

  • ဂျပန် ပဲငံပြာရည် ¼ Cup
  • အဖြူရောင် သကြား စားပွဲတင်ဇွန်း ၁ဇွန်း
  • Dashi Powder လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • (Dashi Powder က ငါးကနေ ထုတ်ထားတာပါ။ ဂျပန်ဟင်းလျာတွေချက်ပြုတ်ရာမှာ အသုံးပြုပါတယ်။)
  • ဆန်အရက် (Mirin) စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

ပြုလုပ်နည်း

အဆင့် ၁

ပုစွန်ကို ခေါင်းတွေ၊ အခွံတွေခွာပြီး အမြီးလေးဘဲ ချန်ခဲ့ပါ။

အဆင့် ၂

ဓားနဲ့ ပုစွန်ရဲ့ ခါးနားက အမည်းရောင် လမ်းကြောင်းကို ဖယ်ထုတ်ပါ။ အမြီးထိပ်တွေကို လှီးဖြတ်လိုက်ပါ။

အဆင့် ၃

ပုစွန်ရဲ့ ဗိုက်နားကို ဓားနဲ့ တစ်စောင်းလှီးလိုက်ပါ။ ပုစွန်ကို မပြတ်အောင် သတိထားပြီး ကွေးနေတာကို ဆန့်လိုက်ပါ။

အဆင့် ၄

အကြော်မှုန့်ကို ပြင်ဆင်မယ့် အဆင့်ပါ။ ပြောင်းဖူးမှုန့်၊ ဂျုံမှုန့်ရယ်ကို ခွက်တစ်ခွက်ထဲထည့်ပြီး မွှေပါ။ ပြီးရင် ဘဲဥအကာ ထည့်ပါ။ ရေ ၁၂၀ ml ထည့်ပါ။

အဆင့် ၄ (ခ)

ညင်သာစွာ မွှေပါ။ ပျစ်ပျစ်လေးဖြစ်သွားတဲ့အထိ မွှေပါ။ ရေခဲတွေကို ထည့်ပြီး အကြော်မှုန့်ကို အေးသွားတဲ့အထိ မွှေပါ။

အဆင့် ၅

ပုစွန်ကို ခုနက စပ်ထားတဲ့ အကြော်မှုန့်နဲ့ ၂ ဖက်လုံး ညီမျှအောင် တို့ပါ။ မုန်လာဥနီအမှုန့်နဲ့ ထပ်တို့ပေးချင်လည်း ရပါတယ်။ မဖြစ်မနေတော့မလိုပါ။

အဆင့် ၆

ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ။ သံလွင်ဆီမရှိရင် ဟင်းရွက်ဆီတို့လည်း အသုံးပြုလို့ရပါတယ်။

ဆီက ပူလာပြီဆိုရင် ဒယ်အိုးထဲထည့်ပြီး တစ်ခုစီ ကြော်ပါ။

အဆင့် ၆ (ခ)

ပုစွန်ကို ဟိုဘက်လှည့်၊ ဒီဘက်လှည့်လုပ်ပေးပါ။ တူနဲ့ ပြန်ဆယ်လိုက်ပါ။ ပန်းကန်ပေါ်မှာ တစ်ရှူးခံပြီးနောက် ဆယ်ထားတဲ့ ပုစွန်တွေကို တင်လိုက်ပါ။

ပိုနေတဲ့ ကြော်တဲ့အနှစ်တွေကို တခြား ဟင်းသီးဟင်းရွက်တွေကို နယ်ပြီးလည်း ထည့်ကြော်လို့ရပါတယ်။

အဆင့် ၇ ဆော့စ် စပ်ခြင်း

ပဲငံပြာရည်၊ ဆန်အရက် (Mirin) နဲ့ သကြားတို့ကို ပန်းကန်တစ်လုံးထဲထည့်ပြီး မွှေပါ။ ပြီးရင် Dashi Powder ကိုထည့်ပြီး မွှေပါ။ အရသာအရမ်းပြင်းနေရင် ရေထည့်ပါ။

ဆော့စ်လည်း အဆင့်သင့်ဖြစ်ပြီဆိုတော့ အရသာရှိတဲ့ ပုစွန်တန်ပူရာကို စားသုံးလို့ရပါပြီနော်။

ပုစွန်တန်ပူရာကို ဂျပန်စားသောက်ဆိုင်တွေမှာ ကြော်တဲ့ ပုံစံအတိုင်း ကြော်ကြည့်ရအောင်

Source: www.fabhow.com