စာဖတ်သူများအားလုံးပဲ…မင်္ဂလာပါ။ အခုတခါ တင်ဆက်ပေးချင်တဲ့ ဟင်းလျာလေးကတော့ အလွယ်တကူ မနက်စာအနေနဲ့ပဲစားမလား၊ နေ့လည်နေ့ခင်း သရေစာအနေနဲ့ပဲစားမလား အချိန်မရွေး အလွယ်တကူလုပ်စားနိုင်တဲ့ ထောပတ်သီးယိုသုတ် ပေါင်မုန့်မီးကင်လေးဖြစ်လို့ ကလေးလူကြီးမရွေး နှစ်နှစ်ခြိုက်ခြိုက်စားသုံးကြမှာ အသေအချာပါ။

ပါဝင်ပစ္စည်းများ

ထောပတ်သီး – ၁ လုံး

ကြက်သွန်နီ (လှီးပြီးသား) – လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ဆား – အနည်းငယ်

ငရုတ်ကောင်းမှုန့် – အနည်းငယ်

ပေါင်မုန့်ချပ် (မီးကင်) – ၃-၄ ချပ်

ပြင်ဆင်ပုံအဆင့်ဆင့်

ထောပတ်သီးကိုအခွံခွာပြီး အထဲကအစေ့ကိုဖယ်ရှားပစ်ပါ။ ပန်းကန်လုံးလေးထဲတွင် ထောပတ်သီးများကို ကြိတ်ခြေပေးပါ။ ကြက်သွန်၊ ဆားနှင့် ငရုတ်ကောင်းတို့ကိုထည့်ပြီး ရောမွှေပေးပါ။

ပြီးလျှင် ထောပတ်သီးအရော လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ပေါင်မုန့်မီးကင်အချပ်ပေါ် သုတ်လိမ်းပေးပါ။ အခြားအချပ်များကိုလည်း ပုံစံတူလုပ်ဆောင်ပေးပါ။

ထိုမှအပ မိမိစိတ်ကြိုက် နံနံပင်၊ လှီးထားသော ခရမ်းချဉ်သီးနှင့် သံပုရာသီးအချပ်လေးများကို ဖြူးပေးခြင်းဖြင့်လည်း တွဲဖက်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။