ထောပတ်သီးကို ကျန်းမာရေးနဲ့ အသင့်တော်ဆုံး အသီးအဖြစ် ဆိုကြပါတယ်။ ကျန်းမာတဲ့ လူနေမှုဘဝမှာတော့ ထောပတ်သီးဟာ နေ့စဉ် အစာအာဟာရတွေ ဖြည့်ဆည်းပေးဖို့နဲ့ အဆီတွေကို ထိန်းဖို့ အတွက် မပါမဖြစ် ပါဝင်နေပါတယ်။

သူ့မှာ ကျန်းမာရေးအကျိုးတွေနဲ့ အာဟာရတွေ များစွာပါဝင်နေပါသေးတယ်။ ဒါကြောင့် ထောပတ်သီးကို ဘယ်လို အကြောင်းတွေကြောင့် စားသင့်လဲဆိုတာ တစ်ချက် ကြည့်ရအောင်ပါ။

၁။ နှလုံး ကျန်းမာရေးအတွက် ထိန်းသိမ်းပေး

ထောပတ်သီးမှာ ဗီတာမင် B6 နဲ့ ဖောလစ်အက်ဆစ်တွေ ပါဝင်တာကြောင့် သွေးလည်ပတ်မှုကို ပုံမှန် ဖြစ်စေတဲ့ အတွက် နှလုံးရောဂါ ဖြစ်စေနိုင်မယ့် အနေအထား အများကြီး လျော့ချပေးနိုင်ပါတယ်။

၂။ ကိုလက်စထရောကို လျော့ချပေး

Beta-Sitosterol လို့ ခေါ်တဲ့ ဓာတ်ပေါင်းစုတွေ ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် သွေးထဲမှာ ရှိတဲ့ ကိုလက်စထရောတွေကို လျော့ချစေနိုင်တဲ့ စွမ်းအင်တွေ ရှိပါတယ်။

၃။ မျက်လုံး ကျန်းမာရေး ကောင်းမွန်

ထောပတ်သီးဟာ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့ Carotenoid Lutein တွေ ပေါပေါများများ ပါဝင်ပါတယ်။ အရွယ်မတိုင်ခင် အမြင် ေ၀ဝါးခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။

၄။ ရုတ်တရက်ဦးနှောက်သွေးကြောပြတ်ခြင်းကို မဖြစ်စေနိုင်

ထောပတ်သီးမှာ Folate ပါဝင်မှု မြင့်မားတာကြောင့် ရုတ်တရက် သွေးကြောပိတ်ပြီး သတိလစ်ခြင်းနဲ့ ဦးနှောက်သွေးကြောပြတ်ခြင်းတို့ကို ဖြစ်ပွားစေမှု လျော့ချပေးနိုင်ပါတယ်။

၅။ အရေပြားကို ကောင်းမွန်စေနိုင်

ထောပတ်ဆီဟာ အသားအရေ ထိန်းသိမ် းမှုအတွက် အကောင်းဆုံး ကူညီပေးနိုင်တဲ့ အရာတစ်ခုပါ။ မိတ်ကပ်တွေနဲ့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေမှာ ထောပတ်ဆီဟာ ပါဝင်မှုတွေ များပါတယ်။

Credit: Zeenews