ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

အိမ်မှာ အလွယ်တကူ စိုက်ပျိုးလို့ရတဲ့ ဂျင်းပင်

August 18, 2017

အိမ်မှာ အလွယ်တကူ စိုက်ပျိုးလို့ရတဲ့ ဂျင်းပင်

Share this on:

တခါတလေကျရင် ကိုယ့်စိုက်ခင်းတွေထဲကနေ အသီးအရွက်တွေ ခူးပြီး ဟင်းလျာချက်ပြုတ်ချင်သူတွေရှိပါတယ်။ ကိုယ်တိုင်စိုက်ထားတဲ့ အသီးအရွက်တွေဆိုတော့ ဓာတုဓာတ်မြေသြဇာ အန္တရာယ်တွေလည်း ကြောက်စရာမလိုတော့ပါဘူး။

ginger-rhizome

ဂျင်း

ဂျင်းက ဟင်းလျာတွေ ချက်ပြုတ်ရာမှာတော့ မပါမဖြစ်ပါဘဲ။ အဲ့ဒီအပြင် သဘာဝဆေးဝါးအဖြစ်လည်း အများကြီးအသုံးပြုလို့ရပါတယ်။ မနက်ခင်းမှာ ပျို့အန်တတ်သူတွေ၊ ရောင်ရမ်းတာ အတွက် အရမ်းကောင်းပါတယ်။

ဂျင်းက အရိပ်ရတဲ့နေရာ၊ စိုစွတ်တဲ့ မြေကြီးကို ကြိုက်နှစ်သက်ပါတယ်။ မြေကြီးကို မြေသြဇာကောင်းအောင် နွားချေးတို့ ၊ သဘာဝမြေသြဇာတို့နဲ့ ပြုပြင်ပေးပါ။

ဂျင်းကို အေးပြီး စိုစွတ်တဲ့နေရာမှာ ထားထားရင် အပင်အတက်လေးတွေ ထွက်လာတတ်ပါတယ်။ ဒါမှမဟုတ် ဂျင်းပင်ကို ဆိုင်မှာ ၀ယ်ပြီး စိုက်လည်းရပါတယ်။

aid82841-v4-728px-Grow-a-Ginger-Plant-Step-6-Version-2

အတက်လေးတွေထွက်လာပြီဆိုရင် မြေကြီးထဲထည့်ထားတဲ့ ခွက်လေးထဲမှာစိုက်ထားပြီး အတက်လေးတွေ ထွက်လာမယ့်နေရာကိုတော့ မြေကြီးအပြင်ဘက်မှာ ထားပြီး စိုက်ပါ။

aid82841-v4-728px-Grow-a-Ginger-Plant-Step-7-Version-2

တိုက်ရိုက် နေရောင်ထိတွေ့မယ့်နေရာမှာ မထားပါနဲ့။ အကယ်၍ မြေကြီးကို အမြဲ စိုစွတ်နေအောင် ရေလောင်းပေးပါ။

စိုက်ပြီး ၄ လလောက်ကြာရင်တော့ ဂျင်းပင်လေးတွေ အများကြီး ဖြစ်လာပြီး၊ ဂျင်းပင်တစ်ပင်ရဲ့အောက်မှာ ဂျင်းတွေ ဖြစ်လာမှာပါ။

ob_d82c19_gingembre-3

စိုက်ပြီး ၈ လကနေ ၁၀ လအကြာမှာတော့ ဂျင်းပင်လေးတွေကို နုတ်ယူပြီး ဂျင်းတွေကို ခူးယူလို့ရပါပြီ။

ခြံထဲမှာဘဲဖြစ်ဖြစ် တိုက်ခန်းမှာဘဲ ဖြစ်ဖြစ် အလွယ်တကူ စိုက်ပျိုးလို့ရတဲ့ အပင်တွေဖြစ်ပါတယ်။

How-to-Grow-an-Endless-Supply-of-Ginger-Indoors-500x264

Review

User Rating

4.3 (4 Votes)