အထွေထွေ ဗဟုသုတ - General Knowledge

အိမ်မှာ အလွယ်တကူ စိုက်ပျိုးလို့ ရတဲ့ အစားအစာများ

August 8, 2017

အိမ်မှာ အလွယ်တကူ စိုက်ပျိုးလို့ ရတဲ့ အစားအစာများ


Share this on:

အခုနောက်ပိုင်းမှာ ဓာတုဓာတ်မြေသြဇာ၊ ဓာတု ဆေးဝါးမသုံးတဲ့ ဟင်းသီးဟင်းရွက်ဆိုတာ အရမ်းကို ရှားပါးလာပါတယ်။ ဓာတုဆေးဝါးမသုံးရင်လည်း သာမန်ထက်ပိုပြီး ဈေးကြီးပေးကာ ၀ယ်စားရပါတယ်။

preview-4626355-650x341-98-1484646789

ဒါကြောင့် အိမ်နောက်ဖေး ဈေးဆိုင်သည် ဆိုသလို ကိုယ့်အိမ်ရဲ့ မြေကွက်လွတ်လေး၊ ကိုယ့်တိုက်ခန်းရဲ့ နေရာ ကျဉ်းကျဉ်းလေးမှာ အော်ဂန်းနစ် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးကြည့်ကြရအောင်။

ဒါကြောင့် အိမ်မှာ အလွယ်တကူ စိုက်ပျိုးလို့ရတဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

ငရုတ်သီး

ငရုတ်သီးကို အိုးထဲထည့်ပြီး စိုက်တာဖြစ်ဖြစ် မြေကြီးပေါ်ချပြီး စိုက်တာဖြစ်ဖြစ် စိုက်လို့ရပါတယ်။ ကိုယ်ချက်မယ့် ဟင်းလျာတွေအတွက် လိုအပ်ရင်လည်း အလွယ်တကူ ခူးပြီး ထည့်ချက်လို့ရတာပေါ့။

တိုက်ခန်းထဲမှာ စိုက်မယ်ဆိုရင်လည်း နွေးပြီး၊ နေရောင်ရမယ့် နေရာမှာ ပန်းအိုးလေးနဲ့ စိုက်သင့်ပါတယ်။

ငရုတ်ပင် တစ်ပင်မှာ ငရုတ်သီး ၅၀ နီးပါး သီးနိုင်ပြီး အပူချိန် ၂၅ ဒီဂရီ ဆဲဆီယက်စ် လောက်ရှိရင် စပြီး စိုက်လို့ရပါတယ်။

1028505-2-650-e5153401d4-1484646789

မုန်လာဥနီ

အိုးထဲထည့်ပြီး စိုက်တာဖြစ်ဖြစ် မြေကြီးပေါ် ချပြီး စိုက်တာဖြစ်ဖြစ် စိုက်လို့ရပါတယ်။ ဒါပေမယ့် နေအလင်းရောင် ကောင်းကောင်းရမယ့်နေရာဖြစ်ဖို့တော့ လိုအပ်ပါတယ်။

မြေကြီးကို ရွှဲရွှဲစိုနေတာမျိုးမဟုတ်ဘဲ စိုစိုလေးဖြစ်အောင် ထားပေးရပါမယ်။ မုန်လာဥနီက စိုက်ပြီးရင် ရက်ပေါင်း ၈၀ ကနေ ၉၀ အတွင်း ပြန်ခူးစားလို့ရပါပြီ။

1028555-3-650-8c14f88313-1484646789

ကြက်သွန်မြိတ်

ကြက်သွန်မြိတ် စိုက်ဖို့ စိုက်ပျိုး နည်းနစ်တွေအရမ်းကျွမ်းကျင်စရာ မလိုပါဘူး။ မြေကောင်းကောင်းနဲ့ အလင်းရောင်နဲ့ ရေအနည်းငယ် ရဖို့ဘဲ လိုပါတယ်။

ပထမဆုံး ကြက်သွန်နီဥကို မှောင်ပြီး အေးတဲ့နေရာမှာ ထားထားပေးပါ။ ဒါမှကြက်သွန်နီမှာ အမြစ်လေးတွေ ပေါက်လာပါလိမ့်မယ်။ ပြီးတာနဲ့ အိုးထဲထည့်ပြီး အလင်းရောင်များများရတဲ့နေရာမှာ စိုက်ထားပေးပါ။ အပူချိန် ၂၀ ဒီဂရီ ဆဲဆီယက်စ် ရရင် စစိုက်လို့ရပါတယ်။ ဒါပေမယ့် အရမ်းပူတဲ့နေရာမှာတော့ မထားပါနဲ့။

Review

User Rating

3.7 (14 Votes)