အားလုံးပဲမင်္ဂလာပါနော်။ ဆူရှီကို အရသာတစ်မျိုးလေးနဲ့ စားလို့ကောင်းအောင် ဝက်ပေါင်ခြောက်၊ သခွားသီးနဲ့ ထောပတ်သီးဆူရှီလိပ်နည်းကို မျှဝေပေးချင်ပါတယ်။ ဆူရှီကြိုက်ပြီးသား စာဖတ်သူတို့ကတော့ အကြိုက်တွေ့ပြီးသားဖြစ်မှာပါနော်။

ပါဝင်ပစ္စည်း

  • ထမင်း
  • နှမ်း
  • ရေညှိချပ်
  • ဝက်ပေါင်ခြောက်သား (ကျက်ပြီး)
  • Mayonnaise အနည်းငယ်

  • ထောပတ်သီး တလုံး (အခွံနွှာပြီး ပါးပါးလှီးပါ)
  • သခွားသီး တလုံး (ပါးပါး လှီးပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် အနည်းငယ်

  • သကြားအနည်းငယ်
  • ဆားအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ထမင်းကို နှမ်း၊ ဆီနည်းနည်း၊ ဆားနဲ့ နယ်ပေးလိုက်ပါ။

ပြီးရင်တော့ ဆူရှီလိပ်တဲ့ ဝါးပေါ်မှာ ရေညှိ၊ ထမင်းတင်လိုက်ပါ။

ပြီးရင်တော့ ဝက်ပေါင်ခြောက်သား၊ Mayonnaise၊ ထောပတ်သီး၊ သခွားသီးတို့ကို တင်လိုက်ပါ။

ပြီးရင်တော့ ဆူရှီလိပ်ပေးလိုက်ပါ။ ရပြီဆိုရင် အတုံးသေးသေးလေးတွေလှီးပြီး သုံးဆောင်နိုင်ပါပြီ။

ဝက်ပေါင်ခြောက် သခွားသီး ထောပတ် ဆူရှိလိပ်

ပဲငံပြာရည်နဲ့ တို့ပြီး သုံးဆောင်နိုင်ပါတယ်နော်။

Source: www.mykoreankitchen.com

By: MyFood Myanmar