အနောက်တိုင်းဆန်ဆန် မနက်စာကို ပြင်ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

ပေါင်မုန့် ၈ ချပ်

ဝက်ပေါင်ခြောက် ၈ ချပ်

အသားပြား

ချိစ် ၄ ချပ်

ကြက်ဥ ၄ လုံး

ခရမ်းချဉ်သီး ၂ လုံး

Mayonnaise

ပြုလုပ်နည်း

ဝက်ပေါင်ခြောက်ကို အရင်ဆုံး ဆီနဲ့ အရင်ကြော်လိုက်ပါ။ ပြီးရင် ပန်းကန်တစ်ခုထဲထည့်ထားပါ။

ပေါင်မုန့်ကို ဟိုဘက်ဒီဘက် ကို မီးလေးနဲ့ ကင်နဲ့ပါ။ ပေါင်မုန့်ပေါ်မှာ Mayonnaise ကို သုတ်လိမ်းပေးပါ။

အမဲသား သို့ ဝက်သား သို့ကြက်သား ကိုယ်စားချင်တဲ့အသားကို တောက်တောက်စဉ်းပါ။ အပြားပုံစံလေးလုပ်ပြီး ဆားလေးနည်းနည်းထည့်ပါ။ ဒယ်အိုးထဲဆီထည့်ပြီး ကြော်လိုက်ပါ။

ကြော်နေချိန်မှာ Steak Sauce လေးအသားပေါ်မှာ ဖြန်းပေးပါ။

ကြက်ဥ Half Fried လေးကို ကြော်လိုက်ပါ။

ပေါင်မုန့်ပေါ်မှာ ခရမ်းချဉ်သီး၊ အသားပြား၊ ဝက်ပေါင်ခြောက်၊ ကြက်ဥလေး တင်ပြီး ပေါင်မုန့်ကို ပြန်အုပ်လိုက်ပါ။ ဒါဆိုရင် အရသာရှိပြီး လုပ်ရလွယ်တဲ့ အနောက်တိုင်း မနက်စာ ဝက်ပေါင်ခြောက် ချိစ် Sandwich လေးရပါပြီ။