အိမ်က ကလေးငယ်လေးတွေ အစားအသောက်ချေးများပြီး ဟိုဟာမစားချင်၊ ဒီဟာမစားချင်ဖြစ်နေပါသလား။ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့အပြင် သူတို့လေးတွေ ချေးမများဘဲ အကြိုက်တွေ့ကြမယ့် ဝက်သား အာလူးမွှေကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၄ လုံး
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ဝက်ဆားနယ်ခြောက် ၃ ပြား
  • ကြက်ဥ ၄ လုံး (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အာလူးကို အခွံခွာပြီး စတုရန်းတုံးများ တုံးထားလိုက်ပါ။ ထို့နောက် အိုးထဲထည့်ပြီး ရေထည့်ကာ ၅ မိနစ်ခန့် ပြုတ်ထားလိုက်ပါ။ အချိန်ပြည့်ပါက အာလူးတုံးများကို ပန်းကန်ထဲသို့ ဆည်ထည့်ထားလိုက်ပါ။

၂။ ဝက်ဆားနယ်ပြားများကိုလည်း တစ်စင်တီမီတာပတ်လည် အတုံးသေးများ တုံးထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ အာလူးနဲ့ ဝက်ဆားနယ်ခြောက်များကို ကြော်ပေးလိုက်ပါ။ အသားနှင့် အာလူးများ နူးအိလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆားနှင့် ငရုတ်ကောင်းတို့ထည့်ကာ ဆက်မွှေပေးလိုက်ပါ။ (အနံ့လေးမွှေးချင်တယ်ဆိုရင်တော့ ပျဉ်းတော်သိမ်အရွက်လေး ထပ်ထည့်ပေးလိုက်လို့ ရပါတယ်။)

၄။ အရသာ အပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ပန်းကန်ထဲ ပြောင်းထည့်ပေးလိုက်ပါ။

၅။ ကြက်ဥ Half-Fried ဆက်ကြော်ပေးရပါမယ်။ ကြက်ဥ မထည့်တဲ့သူတွေကတော့ ဒီအဆင့်ကို ကျော်လိုက်လို့ရပါတယ်။

၆။ ရရှိလာတဲ့ ကြက်ဥ Half-Fried ကို ဝက်သား အာလူးပေါ်မှာ တင်ထားပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်ဆားနယ်ခြောက် အာလူးကြော်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: kitchenbowl.com