Tips & Stories | ကျန်းမာရေး - Health

မကောင်းဘူးလို့ ယူဆထားကြပေမဲ့ ကျန်းမာရေးအတွက် တကယ်အကျိုးရှိတဲ့ အစားအစာတွေ

February 15, 2017

မကောင်းဘူးလို့ ယူဆထားကြပေမဲ့ ကျန်းမာရေးအတွက် တကယ်အကျိုးရှိတဲ့ အစားအစာတွေ

Share this on:

ကယ်လိုရီများတယ် အဆီဓါတ်များတယ်ဆိုပြီး မကောင်းတဲ့အစားအစာဖြစ် သတ်မှတ်ထားကြတဲ့ တချို့အစားအစာတွေဟာ ကျန်းမာရေးအတွက်ရော ခန္တာကိုယ်အတွက်ပါ တကယ်ကိုအကျိုးထူးစေပါတယ်။

ကြက်ဥ

eggs

အထူးသဖြင့် ကြက်ဥအနှစ်မှာ ကိုလက်စထရောပါဝင်မှုများတယ်ဆိုပြီး ရှောင်ကြပါတယ်။ ဒါပေမဲ့ သူ့မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအများအပြားပါဝင်နေလို့ မျက်လုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

ချိစ့်

cheese

ချိစ့်ကိုလည်း အကောင်းတဲ့အစားအစာစာရင်းမှာ ထည့်သွင်းထားကြပါတယ်။ ဘာလို့လဲဆိုတော့ အဆီများတယ် ကယ်လိုရီများတယ်ဆိုပြီး ရှောင်ကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် တကယ်ကိုစားပေးသင့်တဲ့ အစားအစာပါ။ အထူးသဖြင့် အမျိုးသမီးတွေအတွက် အရိုးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

အသည်းအဆီဖုံးတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ပေါက်ပေါက်ဆုပ်

popcorn

ပေါက်ပေါက်ဆုပ်ကိုလည်း ကယ်လိုရီများတယ် အဆီများတယ်ဆိုပြီးရှောင်ကြပါတယ်။ ဒါပေမဲ့ ကင်ဆာအမျိုးမျိုးနဲ့ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

ပဲ

beans

ပဲမှာ အမျှင်ဓတ်တွေအများအပြားပါဝင်လို့ သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးနိုင်ပါတယ်။ ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်လို့လည်း နှလုံးကျန်းမာရေးအတွက် စားသုံးပေးသင့်ပါတယ်။

ချော့ကလက်

chocolate

ချော့ကလက်ကို ကိုယ်အလေးချိန်လျှော့ချချင်သူတွေ အထူးသဖြင့် ရှောင်ကျဉ်ကြပါတယ်။ ကိုကိုးသီးနဲ့လုပ်ထားတဲ့ ချော့ကလက်ဟာ ကျန်းမာရေးအကျိုးကျေးဇူးများစွာပါရှိပါတယ်။ ချော့ကလက်ချိုချိုထက် ခါးတာက ပိုပြီး အကျိုးကျေးဇူးများတယ်။ နှလုံးကျန်းမာရေးအတွက်ကောင်းမွန်တဲ့အပြင် သွေးခဲတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုလည်း မြင့်မားစေပါတယ်။

မြေပဲ

peanuts

မြေပဲမှာလည်း အလားတူပါပဲ။ ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုကို အထူးကာကွယ်ပေးနိုင်ပါတယ်။

ဝိုင်နဲ့ ဘီယာ

alcohol

အရက်ပါတဲ့အရည် သောက်ရင်မကောင်းဘူး။ ဘီယာသောက်ရင်ဗိုက်ပူတယ် စသဖြင့်သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ များများသောက်တာမဟုတ်ဘဲ ဆေးဖြစ်ဝါးဖြစ် မှီဝဲသင့်ပါတယ်။ ဒါဟာ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။ ဘီယာသောက်တာဟာလည်း ကျောက်ကပ်ကျောက်တည်မှုကို ကာကွယ်ပေးနိုင်ပြီး ကိုယ်အလေးချိန်ကျစေပါတယ်။

whole-milk

caffeinated-coffee

potatoes

နောက်ထပ်အစားအစာတွေကတော့ နွားနို့၊ ကော်ဖီနဲ့ အာလူးဖြစ်ပါတယ်။

Review

User Rating

3.9 (13 Votes)