အားလုံးပဲ မင်္ဂလာပါ။ အကြော်အလှော်အစားအစာတွေ စားခြင်းထက် မီးဖုတ်ထားတဲ့အစားအစာလေးတွေက အဆီပါဝင်မှုနည်းတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ ပိုညီညွှတ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ဆီနည်းနည်းနဲ့ အာလူး ကြက်ဥ မီးဖုတ်ပြုလုပ်နည်းလေးကို ဝေမျှပေးမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူးအကြီး ၆ လုံး
  • ကြက်ဥ ၆ လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ချိစ် ၅ အောင်စခန့် (၁၅၀ ဂရမ်) (အချောင်းလိုက် ခြစ်ချထားပါ)
  • ကြက်သွန်မြိတ် ၂ ချောင်း

  • ဝက်ဆားနယ်ခြောက် ၉ အောင်စ (၂၅၀ ဂရမ်) (အတုံးခပ်သေးသေးလှီးထားပါ)
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ငရုတ်သီးမှုန့်အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ပထမအဆင့်အနေနဲ့ Oven ကို အပူချိန် ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ အာလူးကို သန့်စင်အောင် ဘရက်ရှ်လေးဖြင့် ပွတ်တိုက်ဆေးကြောပေးလိုက်ပါ။

ထို့နောက် ဆေးကြောထားသော အာလူးများကို Oven ထဲမှာ မိနစ် ၄၀ ခန့် ထည့်ဖုတ်ထားလိုက်ပါ။

မီးဖုတ်ပြီးသောအာလူးများရဲ့ ထိပ်ပိုင်းကို လှီးဖြတ်ထားပြီး အထဲမှ အာလူးသားများကို ဇွန်းလေးနဲ့ ဖယ်ထုတ်ထားလိုက်ပါ (ဘေးနံရံ့က အာလူးသားများကိုတော့ ချန်ထားပေးပါ)။

နောက်တစ်ဆင့်အနေနဲ့ သံလွင်ဆီဖြင့် အာလူးအတွင်းနံရံများကို သုတ်လိမ်းပေးလိုက်ပါ။

တစ်ဆက်တည်းမှာပဲ ငရုတ်ကောင်းမှုန့်အနည်းငယ်၊ ငရုတ်သီးမှုန့်အနည်းငယ် ဖြူးထည့်ပေးလိုက်ပါ။

ထို့နောက် ဝက်ပေါင်ခြောက်၊ ကြက်သွန်မြိတ်နဲ့ ချိစ်လေးထည့်ပေးပြီးနောက် ကြက်ဥတစ်လုံးစီဖောက်ထည့်ပေးလိုက်ပါ။ ကြက်ဥဖောက်ထည့်ပြီးတဲ့နောက်မှာတော့ ဝက်ပေါင်ခြောက်၊ ကြက်သွန်မြိတ်နဲ့ ချိစ်တို့ထပ်ထည့်ပေးပါ။ ပြီးမှ ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့်နဲ့ ငရုတ်သီးမှုန့်တို့ ထပ်ဖြူးပေးလိုက်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ Oven ထဲမှာ မိနစ် ၂၀ ခန့်ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ အခုလိုပဲ မြင်လိုက်တာနဲ့တင် စားချင်စဖွယ်အပြည့်ရှိတဲ့ ကြက်ဥ အာလူးမီးဖုတ်ဟင်းလျာလေး ရရှိသွားပါလိမ့်မယ်။

Source: Zoomyummy.com