သရေစာမုန့် ကြိုက်နှစ်သက်တဲ့ Foodies တို့ရေ… မင်္ဂလာပါနော်။ ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်း (၃) မျိုးတည်းနဲ့ ပြုလုပ်ရလွယ်ကူတဲ့ ဝက်ပေါင်ခြောက် ကြက်ဥကိတ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • ဝက်ပေါင်ခြောက် ၄ ပြား
  • ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

Oven ကို အပူချိန် ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

ထို့နောက် ကိတ်မုန့်အသေးဖုတ်ရမယ့် ပုံစံခွက်လင်ဗန်းကို ဆီအနည်းငယ် သုတ်လိမ်းလိုက်ပါ။

ပုံစံခွက်တစ်ခုစီထဲသို့ ဝက်ပေါင်ခြောက် ၂ ပြားစီထည့်ပေးလိုက်ပါ။ တချို့ဝက်ပေါင်ခြောက်အသားက ထူတယ်ဆိုရင်တော့ တစ်ပြားတည်းနဲ့တင် လုံလောက်ပါတယ်။

ပြီးတဲ့အခါ ကြက်ဥတစ်လုံးစီ ဖောက်ထည့်ပေးလိုက်ပါ။ (ကြက်ဥကို တိုက်ရိုက်ဖောက်မထည့်ချင်ဘူးဆိုရင်လည်း မွှေခလောက်ပြီးမှ ထည့်လည်းရပါတယ်။ မွှေခလောက်ပြီးမှ ထည့်မယ်ဆိုရင် မှို၊ ကြက်သွန်နီ စသည်ဖြင့် မိမိကြိုက်နှစ်သက်တဲ့ ပါဝင်ပစ္စည်းများ တစ်ခါတည်းရောထည့်လို့ရပါတယ်)

ကြက်ဥထည့်ပြီးတဲ့အခါ ကြက်သွန်မြိတ်ထပ်ထည့်ပေးလိုက်ပါ။

ထို့နောက် အပူပေးထားသော မီးဖိုထဲမှာ ၁၅ မိနစ်ခန့်ထည့်ဖုတ်လိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ အမြင်လည်းချစ်စရာကောင်းပြီး အရသာအင်မတန်ရှိတဲ့ ဝက်ပေါင်ခြောက် ကြက်ဥကိတ်လေးကို သုံးဆောင်နိုင်ပါပြီ။

Source: Ohsnapletseat.com