အားလုံးပဲ မင်္ဂလာပါ။ ပျားရည် ငှက်ပျောသီး ပေါင်မုန့်ကို Oven ထဲမှာ ဘယ်လိုအလွယ်တကူထည့်ဖုတ်ပြီး အရသာရှိတဲ့ အချိုပွဲတစ်ခုဖန်တီးမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီးမှည့် ၃ လုံး
  • ထောပတ် ၁၁၈ မီလီလီတာ (ထောပတ်အချောင်းတစ်ချောင်းခန့်)
  • ပျားရည် ၁၁၈ မီလီလီတာ
  • သကြားအညို ၁၁၈ မီလီလီတာ
  • ကြက်ဥ (သို့) ဘဲဥ ၂ လုံး

  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံခန့်
  • ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်

  • ဂျုံမှုန့် ၂၃၆ မီလီလီတာ
  • အုတ်ဂျုံ ၁၁၈ မီလီလီတာ
  • ထက်ခြမ်းခြမ်းထားသော မြေပဲအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ပေါင်မုန့်ဖုတ်မယ့် မီးဖိုကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ စားစရာများ တုံးတစ်ရောနှောသည်စက်ထဲသို့ ငှက်ပျောသီးများ ချေထည့်ထားပါ။ တစ်ဆက်တည်းမှာပဲ ထောပတ်၊ ပျားရည်၊ သကြားညို၊ ကြက်ဥ၊ မုန့်ဖုတ်ဆိုဒါ၊ မုန့်ဖုတ်ပေါင်ဒါ၊ သစ်ကြမ်းပိုးခေါက်မှုန့်နဲ့ ဆားတို့ထည့်ပြီး စက်ဖြင့် မွှေပေးလိုက်ပါ။

မွှေပြီးနောက်မှာ ဂျုံမှုန့်နဲ့ အုတ်ဂျုံတို့ထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ မြေပဲထပ်ထည့်ပြီး ထပ်မွှေပေးရပါမယ်။

ထို့နောက် ရရှိလာသော အနှစ်များကို မီးဖိုထဲထည့်မယ့် လင်ဗန်းထဲသို့ လောင်းထည့်ပြီး ဇွန်းအပြားဖြင့် အညီအညာဖြန့်ပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ကြိုတင်အပူပေးထားသော မီးဖိုထဲတွင် ၄၅ မိနစ်၊ ၅၅ မိနစ်ခန့် ထည့်ဖုတ်ထားပါ။ အချိန်ပြည့်သွားပါက ၁၀ မိနစ်၊ ၁၅ မိနစ်လောက် အအေးခံထားပြီးမှ မိမိစိတ်ကြိုက်လှီးဖြတ်ကာ အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Picturetherecipe.com