ငှက်ပျောသီးအခွံမှာ အမိုင်နိုအက်ဆစ်ဖြစ်တဲ့ Tryptophan ဓာတ်ပါဝင်တာကြောင့် ညအိပ်မပျော်တာကိုကုသပေးနိုင်ပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

Feeling blue

ပါဝင်ပစ္စည်းများ

ရေ ၁ ခွက် (200 ml)

ငှက်ပျောသီး အခွံ

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

spoon-full-of-honey

ရေကို မီးဖိုပေါ်မှာ ဆူအောင် လုပ်ပြီး ဆူလာရင် ငှက်ပျောခွံထည့်ပါ။ မီးအေးအေးနဲ့ ၃ မိနစ်လောက်ထားပြီး ဖယ်လိုက်ပါ။

၁၀မိနစ်ကနေ ၁၅ မိနစ်ကြားအအေးခံပြီး ပျားရည်ထည့်ပါ။ ပြီးရင် သောက်ပါ။ စိတ်ဖိစီးမှုနဲ့ စိတ်မတည်ငြိမ်မှုတွေကို လျော့ချပေးနိုင်ပါတယ်။

ခေါင်းကိုက်

0fgjhs155nk7phv7t.03128b63

ငှက်ပျောခွံမှာ ပိုတက်ဆီယမ်ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ခေါင်းကိုက်မှုကို ဖြစ်စေတဲ့ ရောင်ရမ်းမှုတွေကို လျော့ချပေးပါတယ်။

သွေးလည်ပတ်မှုကိုကောင်းစေပြီး အောက်စီဂျင် သယ်ဆောင်မှုကို အားကောင်းစေပါတယ်။

ပါဝင်ပစ္စည်းများ

ငှက်ပျောသီးခွံ ၁ ခု

သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဝက်

cinnamon

ရေ ၁ ခွက်

ပြုလုပ်နည်း

ငှက်ပျောသီးခွံကို အိုးတစ်ခုထဲထည့်ပြီး ရေတစ်ခွက်ကို လောင်းထည့်ပါ။ ပွက်ပွက်ဆူအောင်လုပ်ပြီး ၃ မိနစ်လောက်ထားထားပါ။

မီးဖိုပေါ်ကချပြီး သစ်ကြမ်းပိုးခေါက်ကိုထည့်ပါ။ သောက်လို့ရပါပြီ။

Featured Image Source: Mother Nature