တစ်ခါတလေ ပုစွန်ဟင်းချက်စားရတာ ငြီးငွေ့လာတတ်ပါတယ်။ အဆီအနှစ်တွေနဲ့ ထမင်းတွဲ စားရတာ အီလယ်လာတဲ့အခါမျိုးတွေ ကျန်းမာရေးအတွက်လည်း လိုက်ဖက်ညီ ကောင်းမွန်သော ပုစွန်ကင်နဲ့ အသီးအရွက်သုပ်လေးကို မျှတသောအာဟာရများပါဝင်တာကြောင့် လုပ်စားကြည်လိုက်ဦးနော်။

အသုပ်သုပ်ရန်ပါဝင်ပစ္စည်းများ

  • ဂေါ်ဖီ – ၁/၂ ခွက် (ခပ်ပါးပါး မျှင်မျှင်လေးတွေ လှီးထားပါ)
  • နံနံပင် – ၃ ပင် (ခပ်ကြမ်းကြမ်းလေးတွေလှီးထားပါ)
  • ချယ်ရီ ခရမ်းချဉ်သီး – ၁ဝ လုံး
  • ငရုတ်သီးစိမ်း – ၃ တောင့် (ခပ်ကြမ်းကြမ်းလေးတွေ လှီးထားပါ)
  • ငရုတ်ပွစိမ်း – ၁/၂ (အရှည်လိုက်လေးတွေလှီးထားပါ)
  • နှမ်းပဲငံပြာရည် – စားပွဲဇွန်း ၃ ဇွန်း
  • သံပရာရည် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နှမ်းနက် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • (ပုစွန် နယ်နှပ်ထားရန် (Marinate the Prawn)
  • ပုစွန်ထုပ်ကြီး – ၄ ကောင် (အခွံနှင့် ထက်ခြမ်းခြမ်းထားပါ)
  • သံလွင်ဆီ – စားပွဲဇွန်း ၁ ဇွန်း
  • Cajun မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း

  1. ဖန်ဇလုံကြီးထဲ ပုစွန်နယ်နှပ်ရန် ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး နယ်နှပ်ထားပါ။ ပုစွန်နယ်နှပ်ထားတုန်း ဖန်ဇလုံအကြီးထဲ သံပရာရည်နှင့် Japanese Sesame Soy Dressing များ ထည့်ပြီး ရော မွှေသွားအောင် ခလောက်ပါ။
  2. အာဗင်ကို အပူချိန် ၁၉ဝ ဒီဂရီလောက်ပေးထားပါ။ (မီးသွေးနှင့်ကင်မည်ဆိုလျှင် မီးသွေးမီးတောက်မှ ကင်ပါ)
  3. အာဗင်ထဲကင်ရန် ဘားတန်းစင်ပါသော အကင်ဗန်းပေါ် နယ်နှပ်ထားသော ပုစွန်ခြမ်းများစီတင်ပါ။ ပုစွန်နယ်နှပ်ထားသော ကျန်အရည်များကို စုတ်တံလေးဖြင့် သေချာပုစွန်ပေါ်သုတ်ပေးပါ။
  4. အာဗင်ထဲမှာ ပုစွန်များကို ၃-၄ မိနစ်လောက်ကင်ပါ။ အရောင် တက်လာလျှင် တစ်ဖက်လှည့်ပေးပြီး ၂ မိနစ်လောက်ထပ်ကင် ပါ။ အပြင်မှာ အနည်းငယ်အအေးခံပြီးမှ အရွက်သုပ်ဖြင့်တွဲစားပါ။
  5. အသုပ်သုပ်ရန် Japanese Dressing ဖန်ဇလုံထဲ အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး အရွက်ထဲ အရသာဝင်အောင် နယ်နှပ်ထားပါ။ ပြီးလျှင် ကင်(ဖုတ်) ထားသော ပုစွန်ဖြင့် တွဲစားပါ။