သင့်ရဲ့ကလေးက မကြာခဏဆိုသလို ဖျားနာတာတွေဖြစ်တတ်ပါသလား

ဒါဆိုရင်တော့ သူတို့လေးတွေစားတဲ့ အစားအသောက်တွေကို စနစ်တကျရွေးချယ်ဖို့ အကြံပြုလိုပါတယ်။ ဘာကြောင့်လဲဆိုရင် သင့်ကလေးရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်စေဖို့ အစားအသောက်က အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေလို့ပါပဲ။ ပြင်ပမှရောဂါပိုးမွှားတွေ ခန္ဓာကိုယ်ထဲ မဝင်ရောက်နိုင်ဘဲ ကျန်းမာကြံ့ခိုင်နေအောင် ခုခံအားကပဲ အကောင်းဆုံးအလုပ်လုပ်ပေးနေရတာပါ။

သင့်ကလေးစားသောက်နေတဲ့ အစားအစာတွေဟာ အာဟာရပြည့်ဝတဲ့ အစားအစာတွေဖြစ်ပါစေ။

ကလေးသဘာဝအရ မုန့်ပဲသရေစာတွေ၊ ချောကလက်၊ကိတ်မုန့်၊ ကွတ်ကီးတွေ ကြိုက်နှစ်သက်တတ်ကြပါတယ်။ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအစာတွေအစား လတ်ဆတ်တဲ့သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးကို အာဟာရမျှတနေအောင် ဂရုစိုက်ကျွေးမွေးပေးဖို့လိုအပ်ပါတယ်။

ကလေးများရဲ့ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးသော အစားအစာများ

ကြက်သွန်ဖြူ

သင့်ကလေးရဲ့ ကိုယ်ခံစွမ်းအားကိုမြှင့်တင်စေမည့် အစားအစာတွေထဲမှာ ကြက်သွန်ဖြူကို ရွေးချယ်နိုင်ပါတယ်။ ကြက်သွန်ဖြူထဲမှာ ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်ပေးတဲ့ဒြပ်ပေါင်းပါဝင်တဲ့အပြင် ကိုယ်ခံအားကိုလှုံ့ဆော်ပေးတဲ့ဆဲလ်တွေအတွက် အထောက်အကူပြုပါတယ်။ ဒါတင်မကသေးဘဲ Antioxidant တွေကြွယ်ဝစွာပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းလည်း ပါဝင်ပါတယ်။ ကလေးငယ်လေးတွေကြိုက်တတ်တဲ့ အစားအစာထဲမှာ ကြက်သွန်ဖြူလေး မသိမသာထည့်ပြီးကျွေးကြည့်ပါ။

ဘယ်ရီသီးများ

ဘယ်ရီသီးရဲ့အရောင်တွေက ကလေးတွေကိုစားချင်လာအောင် ဆွဲဆောင်ပေးပါတယ်။ ဘယ်ရီးသီးတွေမှာ Antioxidants တွေကြွယ်ဝတဲ့အပြင် ဗီတာမင်အေနဲ့ဗီတာမင်စီ စတဲ့ ကိုယ်ခံအားကိုမြှင့်တင်ပေးတဲ့ အာဟာရဓာတ်တွေကြွယ်ဝစွာ ပါဝင်ပါသေးတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များကလည်း ခုခံအားကိုမြှင့်တင်ပေးတဲ့ အာဟာရဓာတ်တွေပါဝင်တဲ့အပြင် သွေးဖြူဥဆဲလ်များထုတ်လုပ်ဖို့အတွက် အရေးကြီးတဲ့သံဓာတ်လည်း ပါဝင်ပါတယ်။

ဒါ့အပြင် PediaSure က သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်စေရန် အထောက်အကူပြုပေးနိုင်တာကြောင့်  သင့်ကလေးရဲ့အစားအစာထဲမှာ PediaSure ကို ဖြည့်စွက်စာတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ PediaSure မှာ ကလေးတွေနေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ် (၃၇)မျိုး ပါဝင်ပြီး ကိုယ်ခံစွမ်းအားနှင့် ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ရန် သိပ္ပံနည်းကျ စီမံဖော်စပ်ထားတာကြောင့် ကလေးတွေရဲ့ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးမှုကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ PediaSure သည် ပရိုတင်း၊ သတ္တုဓာတ်နှင့် ဗီတာမင်များအတွက် US စားသောက်မှုဆိုင်ရာ ညွှန်းဆိုမှုစံ နှုန်းကိုပြည့်မှီအောင် ပေးစွမ်းနိုင်သည့် အသက် ၃ နှစ်မှ ၁၀ နှစ် ကလေးငယ်များ သောက်သုံးနိုင်သော ဖော်စပ်ဖြည့်စွက်စာ ဖြစ်ပါတယ်။