ပင်လယ်ကမ်းခြေမှာ နေကျသော သူတွေ အတွက် သိပ်ကိုကံကောင်းကျပါတယ်။
ပင်လယ်မှာ ငါးလှေများ တက်လာလျှင် လတ်လတ်ဆတ်ဆတ် ရရှိလာသော ငါးများ ကို အိမ်သူများက ခြံထွက် အသီးအနှံ့များနှင့် မြန်ဆန် စွာ ရှိတာလေးဖြင့် ချက်ပြုတ်ထားသော ဟင်းဖြစ်ပါတယ်။

Beach Squid

Beach Squid

စည် ပင်လယ်ကမ်းခြေ သွားတုံးက စားဖြစ်ခဲ့ သောဟင်းကို စည် အကြိုက်ပြန်လည်ပြုပြင်ပြီး အားလုံး လဲပြန်ချက်စားကြည့်လို့ရအောင် ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး – ၂၅ ကျပ်သား (သန့်စင်ပြီး အကောင်လိုက်ထားပါ)
  • ကိုင်းခရမ်းချဉ်သီး – ၃ သုံး (ခတ်ကြမ်းကြမ်းလေး လှီးထားပါ)
  • ငရုတ်သီးစိမ်း – ၈ တောင့် (ကြမ်းကြမ်းလေး ညှပ်ထားပါ)
  • နနွင်းမှုန့် – အနည်းငယ်
  • စိမ်းစားငပိ – ၁ ဇွန်း လက်ဖက်ဇွန်း

  • ပင်စိမ်း – ၃ ပင် (ခတ်ကြမ်းကြမ်းလေး လှီးထားပါ)
  • စပါးလင် – ၁ ပင် (ထုပြီး ထုံးထားပါ)
  • ကြက်သွန်နီ – ၁ လုံး (ခတ်ကြမ်းကြမ်း လှီးထားပါ)
  • ဆီ – ၁ ဇွန်း လက်ဖက်ဇွန်း
  • ဆား – အနည်းငယ် (ဆားမြည်းပြီး လိုသလောက်ထည့်ပါ)

ချက်ပြုတ်နည်း

၁။ ဟင်းအိုး ထဲ သို့ ရေအနည်းငယ် နှင့် ပင်စိမ်းကလွဲလို့ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး တည်ပါ။

၂။ ပွတ်ပွတ်ဆူလာလျှင် ရပါပြီး။ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။ အရည်လေးဖြင့် ထားပါ။ ပင်စိမ်းအုပ်ပါ။ ထမင်းပူပူလေးဖြင့်တွဲစားက လိုက်ဖက်ပါတယ်။