Korean Soybean Paste Soup (Doenjang-Jjigae) ချက်နည်းလေးပါ။ ကိုရီးယားတွေအရမ်းကြိုက်လှတဲ့ Soybean ပဲအနှစ်နဲ့ချက်ထားတဲ့ အရည်သောက် ဟင်းလျှာလေးပါ ။ လုပ်စား ကြည့်ရအောင်နော် ။

ပါဝင်ပစ္စည်းများ

  • ငါးနီတူခြောက် – ၇ ကောင်
  • ပဲအနှစ် – ၃ ဇွန်း(စားပွဲတင်ဇွန်း)
  • ကြက်သွန်ဖြူ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • အမဲသားမှုန့် – ဇွန်းဝက် (စားပွဲတင်ဇွန်း)
  • ကိုရီးယားငရုပ်မှုန့် – ဇွန်းဝက် (စားပွဲတင်ဇွန်း)
  • ဇူချီနီ (Zucchini) – ၁ လုံး
  • အာလူး – ၁ လုံး
  • မှို – ၄ ပွင့်
  • ကြက်သွန်နီ – ၁ လုံး
  • တို့ဖူး – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဆုံး ရေ ၃-ခွက်လောက်ထည့်ပြီး Anchovy (ငါးနီတူငါးခြောက်) ခုနှစ်ကောင်ခန့်ထည့်ပြုပ်ပါ ။ ငါးခြောက်များနူးသွားပါက ဇကာဖြင့် စစ်ပြီး ဖယ်ထုတ်လိုက်ပါ ။ အရည်ကိုပဲ ယူတာဖြစ်ပါတယ် ။ ငါးခြောက်ရည်ထဲသို့ Bean Paste(ပဲအနှစ် )စားပွဲတင်ဇွန်း သုံးဇွန်းထည့်ပြီး မွှေပေးပါ ။ ပုံတွင်ဖော်ပြထားသည့်အတိုင်း Bean Paste ရယ်ဒီမိတ်ဗူးအသေးများ ရန်ကုန်တွင်ဝယ်လို့ရနေပါပီ ။
  2. ထို့နောက်အရည်ပွက်လာပါက (Zucchini) အာလူး ၊မှို ၊ကြက်သွန်နီ….) တို့ကို အတုံးလေးတွေဖြစ်အောင်လှီးထည့်ပါ ။ ဇူချီနီကို….. Zucchini ဆိုပြီးမေးဝယ်လို့ရပါတယ် ။ အစိမ်းရောင်အရှည်အသီးပါ ၊ အာလူး ၊ မှိုကတော့ကြိုက်တဲ့မှိုထည့်လို့ရပါတယ် ။ ကြက်သွန်နီ တို့ကို အတုံးလေးတွေဖြစ်အောင် လှီးပြီးထည့်ပါ ။ ပြီးနောက် Tofu (တို့ဖူး) ကို အတုံးလေးများတုံးပြီး ထည့်ပါ ။
  3. အရည်ပွက်လာပါက အရသာအတွက် ကိုရီးယားအမဲသားမှုန့် (Dasida) ထည့်ပါ ။ အနံ့အတွက် ကြိတ်ပြီးသား ကြက်သွန်ဖြူအနည်းငယ်ထည့်ပါ ။ အရောင်အတွက် ကိုရီးယား ငြုပ်သီးမှုန့် စားပွဲတင်ဇွန်းတစ်ဝက် ထည့်ပြီး အရသာမြည်း၍ စားသုံးနိုင်ပါသည်။ (အစပ်အရသာကြိုက်လျှင် ငြုပ်သီး အနီ နှင့် အစိမ်း အတောင့်ရှည်)အနည်းငယ်လှီးထည့်ပြီး ချက်ပြုပ်နိုင်ပါသည်။ Seafood ကြိုက်လျှင်လည်း ပုဇွန် ၊ ခရု ၊ ပြည်ကြီးငါး ကြိုက်နှစ်သက်ရာ ထည့်ချက်ပြီး စားသုံးလို့ရပါသည်။ ကျေးဇူးတင်ပါသည်။

Credit: ဇွဲသုသု