ဟင်းချက်နည်းတွေကိုပဲ အမျိုးမျိုးပြောပြနေကျဆိုပေမယ့် ဒီတစ်ခါမှာတော့ ထမင်းကို ပြောင်းချက်ကြည့်ကြရအောင်။ အုန်းထမင်း၊ ထောပတ်ထမင်း စသဖြင့် ထမင်းအစုံအလင်ကို ချက်ဖူးနေကြဆိုပေမယ့် ပဲထမင်းကတော့ တမျိုးလေးဆန်းနေပါတယ်နော်။ ဒါကြောင့် ထမင်းစားတဲ့အခါ ပိုမြိန်ရလေအောင် အခုပဲ ချက်နည်းလေးကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်း‬များ

  • ဆန် – ၂ ဗူး
  • ရေ – ၄ ဗူး
  • ကုလားပဲ – ဗူးတဝက်
  • ထောပတ် – ၂ ဇွန်း

  • ဆီ – ၄ ဇွန်း
  • ဇီယာ
  • ကရဝေး – တစ်ရွက်
  • ဆား – ၁/၂ ဇွန်း

‪ပြုလုပ်ပုံ‬

ကုလားပဲ တဝတ် ကျက်အောင် ပြုတ်ထားပါ။ ထောပတ် ဆီ တို့ကို အပူပေးပြီး ဇီယာ၊ ကရဝေးရွက် ထည့်ကြော်ပါ။

ထမေင်းပါင်းအိုးထဲ ဆန်ထည့် ရေထည့်ပြီး ဆီသတ်ထားတာ ထည့်ပါ။

ကုလားပဲ ထည့်တည်လိုက်ပါ။ ဆူရင် တစ်ပတ်မွှေပေးပါ။ ထမင်းပေါင်းအိုး ခလုတ်ကျလျှင် ရပါပြီ။

Credit: Daw Suu Suu