ပဲပင်ပေါက် အသားလုံးပြုတ်ဟင်းချိုက စီချွမ်ဟင်းလျာတွေထဲမှာ နာမည်ကြီး ဟင်းလျာ တစ်မျိုးလည်းဖြစ်ပါတယ်။

ခရမ်းချဉ်သီးလေးလည်းထည့်လေ့ရှိပြီး ခရမ်းချဉ်သီးကတော့ ချိုချဉ်စိမ့် အရာလေးတွေပေးပြီး ပဲပင်ပေါက်ကတော့ လန်းဆန်းမှုကို ပေးစွမ်းပါတယ်။

အသားလုံးကနေ ထွက်တဲ့ အီစိမ့်မှုကိုလည်း ခရမ်းချဉ်သီးက လျော့ချပေးပါတယ်။

ပါဝင်ပစ္စည်းများ

တောက်တောက်စဉ်းထားတဲ့ ဝက်သား ၂၅၀ ဂရမ် (အဆီနည်းနည်းဘဲ ပါတဲ့ အသား)

ကြက်သွန်မြိတ် ၂ ချောင်း

ဂျင်းလက်မအရွယ် ၁ တုံး

ရေနွေး ဟင်းချိုခွက်အသေးရဲ့ တစ်ဝက်စာ

ဆား အနည်းငယ်

ကြက်ဥ၁ လုံး

ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ပုံ

ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြောင်းဖူးကော်မှုန့် (Cornstarch) (မထည့်လည်းရပါတယ်)

ဟင်းချိုအတွက်

ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ခရမ်းချဉ်သီး ၁ လုံး (ခရမ်းချဉ်သီးကို တစ်ခြမ်းခြမ်းပြီး အစိပ်လေးတွေ စိပ်လိုက်ပါ)

ပဲပင်ပေါက် ၁၅၀ ဂရမ်

ဂျင်း လက်မအရွယ် ၁ တုံး

ဆား (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)

ရေ ၃ လီတာ

ပြုလုပ်နည်း

ဂျင်းနှင့် ကြက်သွန်မြိတ်တို့ကို ရေနွေး ဟင်းချိုသောက်ခွက်အသေးရဲ့ တစ်ဝက်ကို စိမ်ထားလိုက်ပါ။ မိနစ် ၂၀ လောက်စိမ်ထားပါ။

ဝက်သားတောက်တောက်စဉ်းထားပြီးသားထဲကို ဆား၊ ပဲငံပြာရည်၊ ကြက်ဥတို့ထည့်ြ့ပီး နယ်ပါ။ ခုနက ဂျင်းနဲ့ ကြက်သွန်မြိတ်စိမ်ထားတဲ့ရေရဲ့ ၃ ပုံ ၁ပုံကို ထည့်လိုက်ပါ။ ဖျော်စက်ထဲထည့်ပြီး ၁ မိနစ်ကနေ ၂ မိနစ်လောက် မွှေလိုက်ပါ။ နောက်ထပ် ရေ ၃ ပုံ ၁ပုံကိုထည့်ပြီး ထပ်မွှေပါ။ အသားက ရေတွေ အားလုံးကို စုပ်ယူသွားတဲ့အထိ ထပ်ခါထပ်ခါ မွှေပါ။

ပြောင်းဖူးကော်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို ထည့်ပါ။ ဂျင်း နှင့်ကြက်သွန်မြိတ် စိမ်ထားတဲ့ လက်ကျန် ရေ ၃ ပုံ ၁ပုံကိုထည့်ပြီး ပန်းရောင်တဲ့အထိ ဖျော်စက်နဲ့ မွှေလိုက်ပါ။

ဟင်းချိုချက်ရန်

ခရမ်းချဉ်သီး ကို နူးညံ့လာအေင် အိုးပူတိုက်လိုက်ပါ။

ရေထည့်ပါ။ ပဲပင်ပေါက် ၃ ပုံ ၁ပုံထည့်ပါ။ ထောင်းထားတဲ့ ဂျင်းကိုထည့်ပြီး ဆူပွက်ပြီး ၂၅ မိနစ်လောက်အထိ တည်ထားပါ။

ဝက်သားတွေကို လုံးထားပါ။ ဟင်းချိုထဲကို ပဲပင်ပေါက်နဲ့ ဝက်သားလုံးတွေထည့်ပါ။

ဝက်သားလုံးတွေ အပေါ်ကို ပေါ်လာရင် ၂ မိနစ်လောက် ထပ်ပြီး ပြုတ်ထားပါ။ အရသာ အပေါ့အငန်မြည်းပြီး ဆားထည့်ပါ။ ပူနေတုန်းစားပါ။

Photos Credit: China Sichuan Food