အားလုံးပဲမင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရံဟင်းလေးတစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အလွယ်တကူရှာဝယ်ရလွယ်ကူတဲ့ မ ျှစ်နဲ့ စားတောပဲတို့ကို ပူးတွဲပြီးတော့ အရသာရှိရှိ ကြော်စားရအောင်။

ပါဝင်ပစ္စည်းများ

  • မိုးကုတ်မျှစ်နု
  • စားတော်ပဲ
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဆား

ပြုလုပ်နည်း

  1. ဆေးဆိုးမထားတဲ့ မိုးကုတ်မျှစ်နု လေးတွေကို ရေများများ နဲ့ပြုတ်ပြီး ဓါးချွန်လေးနဲ့ ပါးပါးရအောင် လွှာထားပါ။
  2. ကြက်သွန်နီကို အရင်ဆုံး ဆီသတ် ဆယ်ယူထားပြီး ကြက်သွန်ဖြူထည့်၊ မျှစ်ထည့် ၊ စားတော်ပဲ လေးတွေထည့်၊ ဆား သင့်ရုံထည့် ရေနွေးလေး ထည့်ပြီး ဆူလာအောင်တည်ပါ ။
  3. အရသာ အပေ့ါအငံ ရေစိတ်ကြိုက်ပြင် ၊ ကြက်သွန်နီကြော် လေးဖြူးကာ စားလို့ ရပါပြီ။

Credit: Soe’s Cooking Collection