ဟင်းသီးဟင်းရွက် - Vegetables | အကြော် - Fried | အပြုတ် - Boiled

ပဲသီးရှည် နှင့် ခရမ်းချဉ်သီးချက်

September 18, 2016

ပဲသီးရှည် နှင့် ခရမ်းချဉ်သီးချက်

Share this on:

ပါဝင်ပစ္စည်းများ

  • ပဲသီးရှည် - ၂ စည်း (လက် ၂ ဆစ်လောက်ဖြတ်ထားပါ။ပြုတ်ထားပါ)
  • ခရမ်းချဉ်သီး - ၅ လုံး (အခွံခွာပြီး ၆ စိတ်စိပ်ထားပါ)
  • ဆီ - ၁ ဇွန်း ခွဲ စားပွဲဇွန်း
  • ကြက်သွန်နီ - ၂ လုံး (နုပ်နုပ်စဉ်းထားပါ)
  • ရှာလကာရှည် - ၁ ဇွန်း တစ်ဝက် လ္ဘက်ဇွန်း
  • ပင်စိမ်း - ၃ ပင် ( ခပ်ကြမ်းကြမ်းလေးလှီးထားပါ)
  • ငရုတ်ကောင်းနက် - တစ်ဝက် ဇွန်း လ္ဘက်ဇွန်း
  • သကြားညို - ၁ ဇွန်း လ္ဘက်ဇွန်း
  • ဆား - ၁/၄ ဇွန်း လ္ဘက်ဇွန်း
  • ခနောကြက်သားမှုန့် - တစ်ဝက် ဇွန်း စားပွဲဇွန်း

ပြုလုပ်နည်း

  1. အိုးပူလာလျှင် ဆီ၊ ကြက်သွန်ဖြူ၊နီ ထည့်ပြီး အညိုရောင်သန်းလာလျှင် သကြားထည့်ပြီးတည်ပါ။ ပြီးလျှင် ရှာလာကာရည်၊ ခရမ်းချဉ်သီး၊ ပင်စိမ်း ထည့်ပြီး ၅ မိနစ်လောက် နှပ်ထားပါ။
  2. ပဲသီး နှင့် ကျန်ပစ္စည်းများ အားလုံးထည့်ပြီး ပဲသီး ကျက်သည် အထိတည်ပါ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။
Knorr

Review

User Rating

0 (0 Votes)