၅ မိနစ်အတွင်း ထမင်းမိန်မိန် စားလို့ရမဲ့ ချဉ်စပ်ဟင်းတစ်ပွဲနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဈေးလဲ သက်သာ ထမင်းစားလဲ ဝင်စေသော အသုပ်ပါ ။ သုပ်စားကြည့်လိုက်နော် ။

ပါဝင်ပစ္စည်းများ

  • ပဲပင်ပေါက်  –  ၄၅၀ ဂရမ် ပိုင်းထားပါ)
  • ကြက်သွန်မြိတ်  –  ၂ ပင် (အပါးပါးလှီးထားပါ)
  • နံနံပင်  –  ၁ စီး (အရိုးဖယ် အရွက်ပဲ)
  • အချဉ်ရည် (dressing) )
  • နှမ်းဆီ  –  ၁ ဇွန်း (စားပွဲဇွန်း)
  • ငံပြာရည် –  ၁ ဇွန်းခွဲ (စားပွဲဇွန်း
  • ရှာလကာရည်  –  ၁ ဇွန်း (စားပွဲဇွန်း)
  • အသားမှုန့်  –  ၂ ဇွန်း (လက်ဖက်ဇွန်း)
  • ငရုတ်သီးစိမ်း –  ၃ တောင့် (အစေ့ထုပ် ပါးပါးလှီးထားပါ)
  • ချင်း  –  အနည်းငယ် (ခတ်ပါးပါးရှည်ရှည် လှီးထားပါ)

ပြုလုပ်နည်း

  1. အချဉ်ရည် အရင်လုပ်ရန် ဖန်ဇလုံထဲ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး သေချာမွှေပါ ။  မိနစ် ၃၀လောက် မသုံးခင် ကြိုလုပ်ထားလျင် အနံ့ အရသာ ပိုကောင်းပါတယ် ။
  2. အိုးထဲတွင် ဆား ၊ ရေ ထည့်ပြီး ဆူအောင် တည်ပါ ။  ရေဆူလျင် ပဲပင်ပေါက်ထည့် ရေဖျောပါ ။  ဇကာထဲ ရေစစ်ချပြီး ရေအေးဖြင့် ဆေးပါ ။  ရေစင်အောင် ခါပါ။
  3. ဇလုံအကြီးထဲ ပဲပင်ပေါက်နှင့် ကျန်ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီးနယ်ပါ ။  ချက်ချင်း သုံးဆောင်ပါ ။

13698287_1246519682026006_5973422250360031037_o