ဒိန်ချဉ်ဟာ စားဖို့သက်သက်မဟုတ်ပါဘူးနော်။ အသားအရေနဲ့ဆံပင် ကျန်းမာသန်စွမ်းစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

Yogurt-for-dandruff-Treatment

ဒိန်ချဉ်မှာ ဇင့်ဂ်နဲ့ လက်တီး အက်ဆစ်တွေပါဝင်လို့ ကျန်းမာသန်စွမ်းတဲ့ အသားအရေကို ရရှိစေပါတယ်။ ဒိန်ချည်ကို အရေပြားပေါ်မှာ ညင်သာစွာ ပွတ်ပေးတာဟာ အသားအရေပေါ်က ဆဲလ်အသေတွေကိုဖယ်ရှားပေးနိုင်ပြီး အသားအရေ ချောမွတ်လာစေပါတယ်။ ဒါ့အပြင် ချွေးပေါက်ကျည်းစေပြီး ခြောက်သွ့တဲ့အသားအရေကို အဟာရဖြည့်ပေးတာမို့ အသားအရေလှပ တင့်တယ်စေမှာပါ။

ဗောက်ထခြင်း

yogurt-for-dandruff-free-hair-760x428

ဗောက်ထတာကို တိုက်ဖျက်ပေးနိုင်တဲ့ မှိုဆန့်ကျင်ပစ္စည်းတွေ ဒိန်ချဉ်မှာ ပါဝင်ပါတယ်။ ဒါ့အပြင် ဆံကေသာတစ်ချောင်းချင်းဆီကို အားဖြည့်ပေးပါတယ်။ ဒိန်ချဉ်ကို ဦးရေပြားပေါ် လိမ်းပေးပြီး ၄၅ မိနစ်ထားပါ။ ပြီးရင်ခေါင်းလျှော်ချပါ။

ဝက်ခြံ

yogurt-face-mask

အက်ဆစ်ရဲ့သဘောတရားရှိတဲ့ ဒိန်ချဉ်မှာ ဝက်ခြံအမျိုးမျိုးကို ဖြစ်စေတဲ့ ဘက်တီးရီးယား၊ မှိုနဲ့ ပိုးမွှားတွေကို သန့်စင်ပေးနိုင်ပါတယ်။ ဒိန်ချဉ်ကို မျက်နှာပေါ်မှာ မိနစ် ၃၀ လောက်လိမ်းပေးထားပြီး မျက်နှာသစ်ချလိုက်ပါ။ အသားအရေ သန့်ရှင်းပြီး အမာရွတ်တွေကော ဝက်ခြံပါ ပျောက်ကင်းသွားမှာပါ။

ဒိန်ချဉ်ကို နနွင်းမှုန့် သကြားနဲ့ ဆန္ဒကူးနံ့သာမှုန့်ရောပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်လောက်လိမ်းပေးကာ မျက်နှာသစ်ပါ။

ဆားဝက်ခြံ

naturally-Remove-blackheads-from-nose

ဆန်မှုန့်နဲ့ ဒိန်ချဉ်ရောပြီး မျက်နှာပေါ်က ဆားဝက်ခြံရှိတဲ့နေရာမှာ ညင်သာစွာလိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။

မျက်ကွင်းညိုခြင်း

fa60981be0403f455fb84086ca0eaff0

မျက်ကွင်းညိုတာတွေအတွက် ဒိန်ချဉ်ကို ၁၅ မိနစ်လောက်လိမ်းပေးပြီး ဝါဂွမ်းစနဲ့ သုတ်ပစ်ပေးပါ။ တစ်ပတ်အတွင်း မျက်ကွင်းညိုတာ ပျောက်ကင်းသွားမှာဖြစ်ပါတယ်။

Source: diyhealthremedy.com