ခန္ဓာကိုယ်က အဆီပိုတွေကျဖို့အတွက် ပိန်ဆေးတွေ မသောက်ချင်ဘဲ သဘာဝအတိုင်း ကိုယ်အလေးချိန်လျော့ချချင်သူတွေအနေနဲ့ ညအိပ်ရာဝင်ခါနီးတိုင်း မှန်မှန်သောက်သုံးသင့်တဲ့ဖျော်ရည်လေးတွေကို ဝေမျှပေးချင်ပါတယ်။

ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့အပြင် အသားအရေအလှအပအတွက်လည်း အထူးကောင်းမွန်တဲ့ဖျော်ရည်လေးတွေပဲဖြစ်ပါတယ်။

သခွားသီးဖျော်ရည်

သခွားသီးတစ်လုံး၊ နံနံပင် အနည်းငယ်၊ သံပုရိုသီးတစ်လုံး၊ ဂျင်းအနည်းငယ်၊ ရှားစောင်းလက်ပတ် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါတယ်။ သခွားသီးကို အတုံးသေးတုံးပါ။ ဂျင်းကိုလည်း ပါးပါးလှီးပြီးနောက် သံပုရိုရည်ညှစ်ထည့်ပေးလိုက်ပါ။ နံနံပင်၊ ရှားစောင်းလက်ပတ်တို့ ရောပေါင်းပြီးနောက် အသီးဖျော်စက်ထဲထည့်ကာ ရေအနည်းငယ်ထည့်ပြီး မွှေလိုက်ပါ။ တစ်လတိတိသောက်သုံးပြီးတဲ့အခါ ထူးခြားတဲ့အကျိုးရလဒ်တွေကို တွေ့မြင်ရမှာပါ။

သခွားသီး၊ သံပုရာရည်

သံပုရာသီး ၁ လုံး၊ သခွားသီး ၂ လုံး၊ လိမ္မော်သီး ခပ်ကြီးကြီး ၁ လုံး၊ ပျားရည်၊ စပါကလင်ရေ တစ်လီတာ၊ ပင်စိမ်းရွက်အနည်းငယ်တို့ လိုအပ်ပါမယ်။ သခွားသီး တစ်လုံးကို အနှစ်ဖြစ်အောင် မွှေစက်ထဲထည့်မွှေပြီးနောက် ကျန်တစ်လုံးကိုတော့ အဝိုင်းပုံသဏ္ဍာန်လှီးဖြတ်ထားပါ။ သံပုရာသီးနဲ့ လိမ္မော်သီးကိုတော့ အရည်ညှစ်ထားလိုက်ပါ။ ထို့နောက် ရေကရားတစ်ခုထဲမှာ ထိုပါဝင်ပစ္စည်းအားလုံးကို ရောထည့်ပြီး မွှေပေးလိုက်ပါ။ ပင်စိမ်းရွက်ကိုတော့ နောက်ဆုံးမှ ထည့်ပေးလိုက်ပါ။ ဒီဖျော်ရည်ကိုလည်း တစ်လတိတိသောက်သုံးပေးရပါမယ်။ တစ်လကြာတဲ့အခါ တစ်ပတ်လောက်နားပြီး ပြန်ဆက်သောက်ရင်လည်း ရပါတယ်။

သံပုရိုရည်

သံပုရိုသီး ၅ လုံး၊ စပါကလင်ရေ ၁ လီတာ၊ ပင်စိမ်းရွက်အနည်းငယ်နဲ့ ရေခဲတုံးအနည်းငယ်တို့ လိုအပ်ပါမယ်။ သံပုရိုသီး ၄ လုံးကို အရည်ညှစ်လိုက်ပြီး ကျန်တဲ့တစ်လုံးကိုတော့ အဝိုင်းပုံသဏ္ဍာန်လှီးဖြတ်လိုက်ပါ။ ထို့နောက်ရေကရားထဲတွင် စပါကလင်ရေထည့်ပြီး သံပုရိုရည်နဲ့ သံပုရာသီးတို့ထည့်ကာ မွှေပေးလိုက်ပါ။ ပြီးမှ ရေခဲတုံးနဲ့ ပင်စိမ်းရွက်တို့ထည့်ပြီး သောက်သုံးပေးလိုက်ပါ။

Source: Brightside.me