နယ်ဘက်တွေကို ခရီးသွားမှ ပျားအန္တရာယ်ရှိတာမဟုတ်ပါဘူး။ တခါတလေ မြို့တွင်း သွားလာရင်းနဲ့လည်း ပျားတုပ်ခံရတတ်ပါတယ်။ ပျားတုပ်တာကလည်း တခါတလေ အသက်အန္တရာယ်ကို ထိခိုက်စေပါတယ်။

maxresdefault

ပျားတုပ်ခံရရင် နီးစပ်ရာ ဆေးခန်း ကိုသွားပါ သို့မဟုတ် ဆေးရုံကားကို ခေါ်ပါ

ပျားတုပ်ခံရပြီးနောက် ခေါင်းမူးမယ်၊ လျှာတွေလေးပြီး ရောင်ရမ်းမယ်၊ အသားအရေတွေ ယားယံလာမယ် နဲ့ အသက်ရှူဖို့ ခက်ခဲတာတွေ ဖြစ်တတ်ပါတယ်။

MinuteClinic_003

ဒါကြောင့် ပျားတုပ်ခံရပြီးရင် နီးစပ်ရာဆေးခန်းကို သွားပါ။ ဆေးခန်းကို သွားနိုင်တဲ့အခြေအနေ မရှိရင် ဆေးရုံကားကို ခေါ်ပါ။

15304060-31624310-1-0-1499798422-1499798446-2000-1-1499798446-650-0c369e17e2-1501571983

ပျားရဲ့ အဆွယ်ကိုဖယ်ပါ။

ပျားတုပ်ခံရရင် ပျားရဲ့ အဆွယ်က တုပ်ခံရတဲ့နေရာမှာ ကျန်နေတတ်ပါတယ်။ ကိုယ့်မှာရှိတဲ့ credit ကဒ်ဖြစ်ဖြစ်၊ လက်မနဲ့ ညှပ်ပြီး ဆွဲထုတ်တာဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ဆွဲထုတ်ပါ။ အဲ့ဒီ တုပ်ခံရတဲ့နေရာကို သေချာဂရုစိုက်ပြီး ဆေးကြောပါ။

070516191951_Bee_Sting_LG

အဆွယ်ကိုထုတ်တဲ့အခါမှာလည်း အသားကိုအရမ်း ညှစ်ပြီး ထုတ်ရင် အဆိပ်တွေကို အသားထဲကို ထပ်ဝင်နိုင်တာကြောင့် ဂရုစိုက်သင့်ပါတယ်။

15304110-31629460-2-0-1499803868-1499803901-2000-1-1499803901-650-0c369e17e2-1501571983

ရေခဲနဲ့ ဖိပါ

အတုပ်ခံရတဲ့နေရာက ယောင်ပြီး ဖောင်းလာတတ်ပါတယ်။ ဒါကြောင့် အဲ့ဒီနေရာကို ရေခဲနဲ့ ဖိလိုက်ပါ။ အကောင်းဆုံးကတော့ ရေခဲကို အ၀တ်တစ်ခုထဲထည့်ပြီး ဒဏ်ရာပေါ်မျာ ဖိဖိပေးပါ။

15304160-31653810-3-0-1499841330-1499841365-2000-1-1499841365-650-0c369e17e2-1501571983

တုပ်ခံရတဲ့နေရာကို ဆေးကြောပါ

အတုပ်ခံရတဲ့နေရာကို ဆပ်ပြာနဲ့ ဆေးကြောပါ။ ပြီးရင် ပျားရည် သို့မဟုတ် သွားတိုက်ဆေးကို လိမ်းပေးပါ။ ပျားရည်လိမ်းထားရင် ၁ နာရီလောက်ထားထားပေးပါ။ သွားတိုက်ဆေးဆိုရင်တော့ မိနစ် ၂၀ ကနေ ၃၀ ကြားလိမ်းပေးထားပါ။ ပြီးရင် ရေဆေးချပါ။