အားလုံးပဲမင်္ဂလာပါနော်။ အမဲသားက အားရှိတယ်။ သံဓာတ်မြင့်မားတဲ့အစားအစာမို့ မိန်းကလေးတွေအတွက်လည်းကောင်းမွန်ပါတယ်။

အမဲသားကြိုက်တယ်ဆိုရင်တော့ အမဲသားကို ကြက်သွန်မြိတ်နဲ့ဘယ်လိုကြော်လို့ရသလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်း

  • အမဲသား ၁ ပေါင် (ပါးပါးလှီးပါ)
  • ပဲငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း + စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကော်မှုန့် အနည်းငယ်
  • ဆီ
  • ဂျင်း တောက်တောက်စဉ်းအနည်းငယ်

  • ကြက်သွန်ဖြူ ၃ မွှာ ပါးပါးလှီး
  • Sacha ဆော့စ် (တရုတ်ဟင်းခတ်အမွှေးအနှစ်တစ်မျိုး)
  • သကြား အနည်းငယ်
  • ကြက်သွန်မြိတ် ၅ ပင် ( ၂ လက်မဆီလှီးပါ)

ပြုလုပ်နည်း

အရင်ဆုံးအမဲသားကို ပဲငံပြာရည်၊ ကော်မှုန့် နဲ့အသီးအရွက်ဆီတို့နဲ့နယ်လိုက်ပါ။

ပြီးရင်တော့ အိုးကိုအပူပေးလိုက်ပြီး ဆီထည့်လိုက်ပါ။ အမဲသားထည့်ပါ။ အမဲသားကိုသေချာမွှေပေးလိုက်ပါ။ ရပြီဆိုရင်တော့ အမဲသားကိုခဏဆယ်ထားပါ။

အပူချိန်ကိုလျှော့လိုက်ပြီး ဆီနည်းနည်းထည့်ပါ။ ဂျင်းထည့်ပြီးကြော်လိုက်ပါ။ အဲဒီနောက် ကြက်သွန်ဖြူ၊ Sacha ဆော့လ်၊ သကြားတို့ကိုထည့်ပြီးမွှေလိုက်ပါ။ အဲဒီနောက် ကြက်သွန်မြိတ်ထည့်ပြီး အမဲသားပြန်ထည့်ပါ။

ကျန်တဲ့ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး မီးအပူချိန်တင်လိုက်ကာ မွှေပေးလိုက်ပါ။ ကြက်သွန်မြိတ်နွှမ်းလာရင်ရပါပြီနော်။

Photo: www.thewokoflife.co,

By: MyFood Myanmar