ပါဝင်ပစ္စည်းများ

  • အမဲမိုးခိုသား (Local Beef Tenderloin) = 400 g (၂၅ ကျပ်သား)
  • ပုစွန်ခြောက် (Dried Shrimp) = 100 g (၆ ကျပ်သားခန့်)
  • နှမ်းဖတ်ချဉ် (Local Sesame Paste) = 160 g (၁၀ ကျပ်သားခန့်)
  • ကြက်သွန်ဖြူ (Garlic) = 10 cloves (၁၀ တတ်)
  • ကြက်သွန်နီ (Onion) = 2 cloves ( ၂ လုံး)
  • ငရုတ်ပွခြောက် ( Dried Chili ) = 5 ( ၅ တောင့် )
  • ချင်း (Ginger) = 50 g ( ၃ ကျပ်သားခန့်)
  • နနွင်းမှုန့် (Ground Turmeric) = 1 tsp (၁ လ္ဘက်ဇွန်း)
  • ခနောကြက်သားမှုန့် (Knorr Chicken Powder) = 2 tsp (၂ လ္ဘက်ဇွန်း)
  • ပဲဆီသန့် (Peanut Oil) = 5 tbsp ( ၅ စားပွဲဇွန်း )
  • နှမ်းဆီမွှေး (Sesame Oil) = a dash ( အနည်းငယ်)
  • နှမ်းဖြူ + နှမ်းမဲလှော် (Black & White Sesame ) = a little (အနည်းငယ်)
  • ငရုတ်ကောင်းမှုန့် ( Crushed Black Pepper) = 1 tsp (၁ လ္ဘက်ဇွန်း)
  • စပါးလင် (Lemon Grass) = 2 stalks ( ၂ ပင်)
  • ပျဉ်းတော်သိမ်ရွက် (Curry Leaves) = a little (အနည်းငယ်)
  • နှမ်းရွက် (Sesame Leaves) = a little (အနည်းငယ်)
  • သံပုရာရည် (Lime Juice) = 2 tbsp (၂ စားပွဲဇွန်း )
  • ငရုတ်သီးစိမ်း (Bird’s Eye Chili) = 10 (၁၀ တောင့်)
  • ရေသန့် (Water) = 1 liter (၁ လီတာ)

ချက်ပြုတ်ပုံအညွှန်း

  1. အမဲမိုးခိုသား ကို ပါးပါးလှီးရျွ် ခနောကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်၊ နနွင်းမှုန့်၊၊နှမ်းဖတ်ချဉ် ၊ သံပုရာရည် ၊ ပုစွန်ခြောက်မှုန့်၊ ပဲဆီသန့်အနည်းငယ်တို့ဖြင့် ၁၅ မိနစ်ခန့်အရသာသွင်းထားပါ ။
  2. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ချင်း နှင့် ငရုတ်သီးခြောက် တို့ကို ဟင်းအနှစ်ဖြစ်အောင် ထုထောင်းပြီး ပျဉ်းတော်သိမ်ရွက် ၊ စပါးလင် တို့ကို ဆီသတ်ရန် ပြင်ဆင်ထားပါ ။
  3. တစ်လုံးကို အပူပေးပြီး အသင့်အရသာသွင်းထားသော အမဲမိုးခိုသားကို အသင့်ထောင်းထားသော ငရုတ်သီးဟင်းအနှစ် ၊ စပါးလင် ၊ ပျဉ်းတော်သိမ်ရွက် တို့နှင့် လုံးချက်ပါ ။
  4. အမဲမိုးခိုသား ဆီပြန်လျှင် နှမ်းဖတ်ချဉ် ၊ ရေသန့်အနည်းငယ် တို့ဖြင့် နူးသည်အထိချက်ပေးပါ။
  5. အမဲမိုးခိုသား နှင့် နှမ်းဖတ်ချဉ် နူးလျှင် ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ နှမ်းရွက် ၊ ဆလပ်ရွက် တို့ဖြင့် အလှဆင်ပြီး နှမ်းဖြူ ၊ နှမ်းမဲ လှော် အနည်းငယ် ဖြူးပြီး တည်ခင်းပါ။

Knorr