အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အမဲသား တို့ဖူးချက်လေး ချက်နည်းကို မျှဝေပေးချင်ပါတယ်။ ဘယ်လိုမျိုး ချက်ရမလဲဆိုတာ ကြည့်လိုက်ပါဦး။

အမဲသားနဲ့ ဆော့လ်

  • အမဲသား ပါးပါးလှီး ၁၀ ကျပ်သး
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ပြောင်းဖူး ကော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပွဆေး အနည်းငယ်
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

ကျန်တဲ့ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျင်းပါးပါးလှီး ၃ ခု
  • ကြက်သွန်ဖြူ ၂ မွှာ
  • ကြက်သွန်မြိတ် ၂ ပင်
  • ဝိုင် အနည်းငယ်

  • ကြက်စွပ်ပြုတ် (သို့) အမဲစွပ်ပြုတ် ခွက် ၃/၄ ပုံ
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့်၊ သကြား အနည်းငယ်

  • တို့ဖူး ၁ ခု ( တစ်မခွဲလောက်အထူလှီးပါ)
  • ကော်မှုန့်  စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီးမွှေလိုက်ပါ

ပြုလုပ်နည်း

အရင်ဆုံး အမဲသားကို ဆော့စ်လေးတွေနဲ့ နယ်ပေးလိုက်ပါ။

အဲဒီနောက် အိုးထဲမှာထည့်ပြီး ကြော်ပေးလိုက်ပါ။

အသားလေးနွှမ်းသွားရင်ဆယ်ထားလိုက်ပါ။

ဆီနည်းနည်းထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နည်းနည်းနဲ့ ဂျင်းထည့်ပြီးကြော်ပေးလိုက်ပါ။ အဲဒီနောက် ဝိုင်ထည့်ပေးလိုက်ပါ။

အဲဒီနောက် ကြက်စွပ်ပြုတ်၊ ခရုဆီ၊ ပဲငံပြာရည်။နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ သကြားတို့ကိုထည့်ပြီးမွှေပေးလိုက်ပါ။

နှံသွားရင်တော့ တို့ဖူးလေးထည့်လိုက်ပါ။

အရည်လေးပွက်လာပြီဆိုရင်တော့ စောစောက ကြော်ထားတဲ့ အမဲသားကိုထည့်လိုက်ပါ။

ကျန်တဲ့ကြက်သွန်မြိတ်ကိုထည့်လိုက်ပါ။

အဲဒီနောက် ကော်မှုန့်ဖျော်ထားတာကို ထည့်လိုက်ပြီး ညင်သာစွာမွှေပေးလိုက်ပါ။ အဲဒီနောက် အရည်လေးက မိမိလိုချင်သလောက်အပျစ်လေးရလာပြီဆိုရင်တော့ မီးဖိုပေါ်ကချပေးလိုက်ပါ။

ထမင်းပူပူနဲ့ တွဲစားရင် သိပ်မိုက်တာနော်။

Source: www.thewoksoflife.com

By: MyFood Myanmar