သံပုယိုသီးက ကျန်းမာရေးအတွက်ရော အလှအပအတွက်ရော သိပ်ကိုအသုံးဝင်ပါတယ်။

သံပုယိုသီးမှာ အဟာရဓါတ်အများဆုံးနေရာက သံပုယိုသီးအခွံပါ။ ဒါပေမဲ့ သံပုယိုသီးကိုအသုံးပြုတဲ့အခါ အခွံကိုလွင့်ပစ်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သံပုယိုသီးခွံရဲ့ အရသာကိုမကြိုက်တာကြောင့်ပါ။

သံပုယိုသီးမှာ ဗီတာမင် C, B 6, E, A စတာတွေအပြင် ကယ်လ်ဆီယံ၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ပရိုတင်းဓါတ်တွေပါဝင်ပါတယ်။

ဒါ့အပြင် ကိုယ်အလေးချိန်လျှော့ချပေးနိုင်ပြီး ဆီးချိုဖြစ်ပွားမှုကနေကာကွယ်ပေးနိုင်သလို အကျိတ်အမျိုးမျိုးကိုလည်း ကုသပေးနိုင်ပါတယ်။

ပြုလုပ်နည်း

အခုပြောပြမဲ့နည်းလမ်းလေးကတော့ သံပုယိုသီးကို အသုံးမပြုခင်မှာ ရေခဲသေတ္တာထဲထည့်ပြီး အေးခဲထားဖို့လိုပါတယ်။

ပထမဆုံး သံပုယိုသီးကိုသေချာဆေးပေးပြီး ခြောက်အောင်သုတ်ကာ ရေခဲသေတ္တာထဲထည့်ပါ။ အေးခဲသွားပြီဆိုရင် သံပုယိုသီးကို ယူထုတ်ပါ။

Grated Lemon Rind

ပြီးရင် အခွံတွေကို ခြစ်ယူတဲ့အပြားကိုသုံးပြီး အခွံကိုခြစ်ပေးပါ။ ခြစ်ယူပြီးသွားရင် ခွက်တစ်လုံးထဲထည့်ထားပေးပြီး ကိုယ်စားမဲ့ဟင်းအမယ်တွေထဲမှာထည့်စားပေးပါ။

Credit: healthyfoodproteam