နနွင်းနဲ့ သံပုယိုရည်ဟာ သင့်အတွက် ဆေးတစ်ခွက်လိုပါပဲ။ သင့်ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပြီး အဝလွန်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိဖျားနာတာကို သက်သာစေပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဆီးဝမ်းမှန်စေပါတယ်။

Antioxidant နဲ့ ရောင်ရမ်းမှုကိုသက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်လို့ သင့်အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ဖျော်ရည်တစ်ခွက်ဆိုလည်းမမှားပါဘူး။

နနွင်းနဲ့ သံပုယိုရည်ကို တရုတ်ရိုးရာ ဆေးတစ်ခွက်အဖြစ် ရှေးယခင်ကတည်းက အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဘယ်လိုပြင်ဆင်ကြမလဲ

ပါဝင်ပစ္စည်း

ရေ တစ်ခွက်

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၄

သံပုယိုသီးတစ်ခြမ်း အရည်ညှစ်

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ခြင်း

Bebida-de-cúrcuma-y-limón-para-adelgazar-y-mejorar-la-digestión-768x512

အရင်ဆုံး ရေကို ပွက်ပွက်ဆူအောင်သည်ပါ။ ပွက်လာရင် မီးဖိုပေါ်ကချပြီး သံပုယိုရည်နဲ့ နနွင်းထည့်လိုက်ပါ။ ပြီးရင် သေချာမွှေလိုက်ပြီး ပျားရည်ထည့်လိုက်ပါ။ ၃ မိနစ်ကနေ ၅ မိနစ်လောက်ထားပြီးသောက်လိုက်ပါ။

ဘယ်လိုသောက်မလဲ

မနက်ဖက်အစာမစားခင်မှာ တစ်ခွက်သောက်နိုင်သလို နေ့လည်စာမစားခင်မှာလည်း တစ်ခွက်သောက်နိုင်ပါတယ်။ သင့်မှာ ရောဂါအခံတစ်ခုခုရှိလို့ ဆေးဝါးကို ရေရှည်မှီဝဲနေရရင်တော့ ဒီဖျော်ရည်သောက်သင့်မသောက်သင့်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။