ဆီးဖြူသီးဆိုတာ မြန်မာတွေ အတွက် ဟင်းအရန် အဖြစ် စားနိုင်တဲ့ အသီးတစ်မျိုးပါ။ ဆီးဖြူသီးကို ထောင်းစားရင်တော့ ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ပါပဲ။ ဆီးဖြူသီးကို သုပ်စားကြပါတယ်။ ဆီးဖြူသီးသနပ် အဖြစ် လုပ်စားကြပါတယ်။ အသားနဲ့ရောပြီး ချက်စားကြသလို ငပိချက်အဖြစ်လည်း ချက်စားကြပါတယ်။ ဆီးဖြူရဲ့ အရသာဟာ ဖန်၊ ခါး အရသာ ရှိပါတယ်။

ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ်။ အသဲနဲ့ဆိုင်သော ရောဂါဝေဒနာသည်တို့ အဓိက အားထားရာ သဘာဝ ဆေးစွမ်းထက်တဲ့ အသီး ဖြစ်ပါတယ်။ ဆီးဖြူသီးဟာ သွေးသားသန့်စင်မှုက သွေးအတွင်း အဆိပ်အတောက်တွေနဲ့၊ ဗိုင်းရပ်ပိုး၊ဗက်တီးရီးယားနဲ့အဏုဇီဝပိုးမွှားတွေကိုလည်းဖယ်ရှားပေးပါတယ်။

health-benefit-of-gooseberry

ဆီးဖြူသီးသည် အသက်ကို ရှည်စေ၏။ ချောင်းဆိုး၊ ပန်းနား၊ လေနာတို့ ကို ပျောက်ကင်း စေ၏။ သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကို ထောင်း၍ အရည် ညှစ်ယူပြီး သံပရာရည်နှင့် သောက်လျှင် ချက်ချင်း သက်သာ ပျောက်ကင်း၏။ ဆီးဖြူသီး အခြောက် (သို့) အစိုကို သွေး၍ သံပရာရည် အနည်းငယ် ထည့်ပြီး အရေပြား ပေါ်တွင် ဖြစ်တက်သော ယားနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်များကို လိမ်းပေးနိုင်၏။ ကိုယ်ခန္ဓာ၏ ခုခံအားကို မြင့်တက် စေ၏။

gooseberry-salad

ဆီးဖြူသီး အခြောက်မှုန့်ကို ထန်းလျက်၊ ပျားရည်၊ သကာရည်တို့နှင့် နယ်စားပါကဆီးပုပ်ရောဂါ ပျောက်၏။ ဆီးဖြူသီး အခြောက်ကို ငရှဉ့်သားနှင့် ချက်စားပါက ဒူလာ သွေးဝမ်းကျ ရောဂါ ပျောက်၏။ ဆီးဖြူသီးကို အညက်ကြိတ်၍ထိပ်အုံ ပေးပါက နှာခေါင်း သွေး လျှံခြင်း ပျောက်၏။အရွက်ကို ရေနှင့် သုံးခွက် တစ်ခွက်တင် ကျို၍ ရရှိသော အရည်ကို ပလုတ်ကျင်း ပေးခဲ့သော် လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ ပေါက်ခြင်းနှင့် ရေစီး ကမ်းပြို ခြင်းများ တခဏချင်း ပျောက်ကင်း၏။

Source: Isha Sadhguru

(ဓါးတွေ တုံးနေတဲ့အခါ အလွယ်တကူ ပြန်သွေးနိုင်မယ့် နည်းလေးပါ မျှဝေလိုက်ပါတယ်)

ဆီးဖြူသီး ရွက်နုများကို ပုံးရည်ဖြင့် ကျွေးခဲ့သော် အစာမကြေခြင်း၊ ဝမ်းသက်ခြင်းများ ပျောက်ကင်း၏။ ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်ပြီး အုန်းဆီနှင့် ရော၍ ကလေးများ၌ ဖြစ်တက်သော ကျဗဟုံးနာများကို လိမ်းပေးက ပျောက်၏။ မီးလောင်၊ ရေနွေးပူ လောင်သော အနာများတွင် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ အမှုန့်ပြုပြီး ဖြူးပေးရ၏။

Credit: Mgmandalay