သခွားမွှေးသီးက နှလုံးရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် ကင်ဆာရောဂါကိုဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးနိုင်ပါတယ်။

နှလုံးရုတ်တရပ် ဖောက်ခြင်း (Heart Attack) ကို ကာကွယ်ပေးခြင်း

သခွားမွှေးအသီးထဲမှာပါဝင်တဲ့ Adenosine ဓာတ်က သွေးကြောတွေ ပိတ်ခြင်း၊ သွေးဆဲလ်တွေ စီးဆင်းမှုကို ရပ်တန့်ခြင်းတို့ကကြောင့် နှလုံးရုတ်တရပ် ဖောက်ခြင်း (Heart Attack) ကို ကာကွယ်ပေးပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း

တခြား အသီးအနှံတွေလိုပါပဲ သခွားမွှေးမှာ Carotenoids ဓာတ်ပါဝင်တာကြောင့် ကင်ဆာ ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

Carotenoids ပါဝင်မှုများတဲ့ အသီးအနှံတွေ၊ အစားအစာတွေက အထူးသဖြင့် အဆုတ်ကင်ဆာနဲ့ရင်သားကင်ဆာကို ပိုပြီး ကာကွယ်ပေးနိုင်ပါတယ်။

မျက်စိကျန်းမာရေးအတွက် ကောင်းမွန်

သခွားမွှေးမှာပါဝင်တဲ့ အာဟာရဓာတ်တွေက မျက်လုံးကို အားကောင်းစေပါတယ်။ သခွားမွှေးမှာ Betakaroten ဓာတ်ပါဝင်တာကြောင့် ဒီဓာတ်က မျက်လုံးကျန်းမာရေးကို ထိန်းသိမ်းပြီး မျက်လုံးရဲ့လုပ်ငန်းဆောင်တာတွေကို အားကောင်းစေပါတယ်။ အဲဒီအပြင် သခွားမွှေးမှာပါဝင်တဲ့ Beta-Carotene ဓာတ်က ခန္ဓာကိုယ်ထဲမှာ ဗီတာမင် A အဖြစ်ပြောင်းလဲသွားနိုင်တာကြောင့် မျက်လုံးရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းစေပါတယ်။

Free Radicals တွေကို ဖယ်ရှားပေးနိုင်

သခွားမွှေးမှာ Antioxiants Flavoids ဓာတ်ပါဝင်တာကြောင့် ဆဲလ်တွေကို ကာကွယ်ပေးနိုင်ပြီး Free Radicals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။