ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ငှက်ပျောဖူးစားခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး (၈) မျိုး

August 7, 2016

ငှက်ပျောဖူးစားခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး (၈) မျိုး

Share this on:

ငှက်ပျောဖူးကို ငှက်ပျောသီးအမြောက်အများ ထွက်ရာဒေသတွေမှာ ပုံစံအမျိုး လုပ်ပြီး စားသုံးကြပါ
တယ်။ အညာဘက်မှာတော့ အလှူပွဲတွေမှာ ငှက်ပျောဖူးကို အချဉ်သိပ်ပြီး ဧည့်သည်တွေကို ကျွေး
မွေးလေ့ရှိပါတယ်။ သို့မဟုတ် ငှက်ပျောဖူးကို အဖန်ရည်ထွက်သွားအောင် ပြုတ်ပြီး မြေပဲ၊ နှမ်း-
စသည်ဖြင့် သုပ်စားရင်လည်း ကောင်းပါတယ်။ ငှက်ပျောဖူးစားပေးခြင်းရဲ့ ကောင်းကျိုး(၈)မျိုးကို
ဖော်ပြပေးလိုက်ပါတယ်။

၁. ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်ပါတယ်

ငှက်ပျောဖူးမှာ သက်စောင့် ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင် C နဲ့ ဗီတာမင် A တို့ ပါဝင်ပါတယ်။ ဒါ
ကြောင့် ခန္ဓာကိုယ်အတွင်းကို ၀င်ရောက်လာနိုင်တဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်ပိုးတွေကို ကြို
တင်ကာကွယ်နိုင်စွမ်းရှိပြီး ပုံမှန်စားသုံးပေးပါက ကျန်းမာချမ်းသာတဲ့ ဘ၀ကို ပိုင်ဆိုင်စေပါတယ်။

၂. သွေးအားနည်းရောဂါကို ပျောက်ကင်းစေနိုင်တယ်

ငှက်ပျောဖူးမှာ သံဓာတ်နဲ့ အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့်မို့ သွေးနီဥတွေကို
အားကောင်းစေပြီး သွေးအားနည်းရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ သွေးအားနည်းပြီး
ဖျော့တော့နေရင် ငှက်ပျောဖူးကို ပါးပါးလှီးပြီး နနွင်းတတ်/ဆား အနည်းငယ်ထည့်ပြီး သောက်ပေးနိုင်
ပါတယ်။

၃. မွေးကင်းစမိခင်များ နို့ရည်လိုက်စေတယ်

နို့အထွက်နည်းတဲ့ မိခင်များအတွက် ငှက်ပျောဖူးကို ပြုတ်စားခြင်း၊ သုပ်စားခြင်းတွေ လုပ်ပေးနိုင်ပါတယ်။
ဒါပေမယ့် ငှက်ပျောဖူးမှာပါတဲ့ အဖန်ရည်ကြောင့် ၀မ်းကိ ချုပ်စေနိုင်လို့ ဆားအနည်းငယ် ထည့်ပြီး ပြုတ်
ပေးဖို့ လိုအပ်ပါတယ်။ အမျှင်ဓာတ်နဲ့ ဗီတာမင် C ပါဝင်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်
လည်း သင့်တော်ပါတယ်။

၎. အဆီကျစေတယ်

အဆီကျလိုသူများအတွက် ငှက်ပျောဖူးကို ရေနဲ့ပြုတ်ပါ၊ အေးသွားတဲ့အခါ၊ အုန်းရေ 1/4 လောက်ထည့်
ပြီး ငရုတ်သီး ခပ်စပ်စပ် နှစ်တောင့်လောက် ထောင်းထည့်ကာ သောက်ပေးရင် အဆီကျစေနိုင်ပါတယ်။

၅. အာရုံစူးစိုက်မှုကို အားကောင်းစေတယ်

ငှက်ပျောဖူးမှာ မဂ္ဂနီစီယံဓာတ်လည်း ပါဝင်ပါတယ်။ အဲဒီအပြင့် ဗီတာမင် C ဓာတ်လည်း ပါဝင်လို့ စိတ်
ဖိအားကို ကင်းစင်စေနိုင်ပြီး အာရုစူးစိုက်မှုကို အားကောင်းစေပါတယ်။

၆. အိုမင်းမှုကို လျှော့ချပေးနိုင်တယ်

သွေးသားကို မှန်ကန်စေတဲ့ အမျှင်ဓာတ်၊ သတ္ထုဓာတ်တွေအပြင် ဗီတာမင် C နဲ့ A လည်း ပါဝင်လို့
ငှက်ပျောဖူးကို ပုံမှန်စားသုံးပေးပါက အရွယ်တင် နုပျိုစေပါတယ်။

၇. သားအိမ်ကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်

ငှက်ပျောဖူးကို ပုံမှန်စားသုံးပေးရင် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ရောဂါတွေကို ကာကွယ်
ပေးနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်လို့ အမျိုးသမီးများအတွက် အသုံး
တည့်တဲ့ ဆေးတစ်ခွက်ဖြစ်ပါတယ်။

၈. ကင်ဆာနဲ့နှလုံးရောဂါကို ကာကွယ်ပေးတယ်

ရောဂါဆိုးကြီးနှစ်မျိုးဖြစ်တဲ့ ကင်ဆာနဲ့ နှလုံးရောဂါကို ငှက်ပျောဖူးမှာပါတဲ့ အမျှင်ဓာတ်တွေ၊ ဗီတာမင်နဲ့
သတ္ထုဓာတ်တွေက ကာကွယ်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းမွန်စေနိုင်လို့ သွေးဖိအားကို
လည်း ပုံမှန် ထိန်းပေးပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

3.7 (14 Votes)