ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ပန်းငရုတ်ရဲ့ အကျိုးအာနိသင် (၈) မျိုး

August 7, 2016

ပန်းငရုတ်ရဲ့ အကျိုးအာနိသင် (၈) မျိုး

Share this on:

ပန်းငရုတ်ဟာ မစပ်ပါဘူး။ ဟင်းခပ်အမွှေးအကြိုင်အဖြစ်ပဲ သုံးကြပါတယ်။ ပန်းငရုတ်ကို သူ့ချည်းသက်သက်
ချက်စားလို့လည်း ရသလို ငပိ၊ ပုဇွန်ခြောက် စတာတွေနဲ့ ချက်စားရင်လည်း ထမင်းမြိန်စေပါတယ်။ အောက်
မြန်မာပြည်မှာတော့ ငရုတ်ပွလို့ခေါ်လေ့ရှိပါတယ်။ ပန်းသီးအငယ်စားလေးနဲ့ အနည်းငယ်ဆင်တူလို့ ပန်းငရုတ်
လို့ခေါ်တာ ဖြစ်နိုင်ပါတယ်။ အပူအစပ် ကြောက်တဲ့သူတွေအတွက်လည်း ငရုတ်အနံ့လေး ပေးနိုင်တဲ့ သီးနှံ့ဖြစ်
ပါတယ်။ ဒါကြောင့် ShweMOM ပရိသတ်ကြီးအတွက် ပန်းငရုတ်ရဲ့ အကျိုးအာနိသင် (10) မျိုး ဖော်ပြပေးလိုက်
ပါတယ်။

1. ပန်းငရုတ်မှာ ပါတဲ့ ဓာတ်တွေ

ပန်းငရုတ်မှာ လူ့အကျိုးပြုဓာတ်တွေ အများကြီးပါဝင်ပါတယ်။ အဓိကအားဖြင့် ပါဝင်တဲ့ ဓာတ်တွေကတော့ –
Carotenoid, Flavonoid, Hydroxycinnamic Acid, Cinnamic acid, Luteolin, Alpha-Carotene,
Quercetin, Beta-Carotene, Lutein, Zeaxanthin, Hesperidin, Ferulic Acid, Vitamin C, vitamin A,
Vitamin K, Vitamin B6 တို့ ဖြစ်ပါတယ်။

2. ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်။

ပန်းငရုတ်ဟာ ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်တွေ၊ အက်စ်ဓာတ်တွေပါဝင်ပါတယ်။
ခန္ဓာကိုယ်အတွင်း ကင်ဆာဆဲလ်တွေကို ၀င်ရောက်ခိုတွယ်ခွင့် မပေးဘဲ တစ်ရှူးတွေထိခိုက်ပျက်စီးမှုကိုလည်း
ကာကွယ်ပေးနိုင်ပါတယ်။

3. နှလုံးရောဂါကို ထိန်းချုပ်နိုင်တယ်

ပန်းငရုပ်မှာပါတဲ့ အက်စစ်ဓာတ်အမျိုးမျိုးဟာ သွေးတွင်း အဆီဓာတ်နဲ့ ကိုယ်လက်စထရောပါဝင်မှုကို လျှော့
ချပေးနိုင်လို့ နှလုံးရောဂါသမားတွေအတွက်လည်း အထူးသင့်တော်ပါတယ်။ သွေးကြောတွင်း သွေးခဲများ
ပိတ်မှုနဲ့ သွေးကြောကျဉ်းရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

4. အဆီတွေကို ကြေညက်စေနိုင်တယ်။

အက်စစ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ပန်းငရုတ်ဟာ သွေးတွင်း၊ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအသီးသီးမှာ ခိုအောင်း
နေတဲ့ အဆီတွေကို ကြေညက်စေနိုင်ပါတယ်။ ဒါရဲ့ကောင်းကျိုးအနေနဲ့ အဆီကျသွယ်လျှတဲ့ ခန္ဓာကိုယ်အပြင်
သွေးကြောပိတ်ခြင်း၊ နှလုံးအဆီဖုံး၊ အသည်းအဆီဖုံး စတာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

5. အိမ်တွင်းကို အင်းဆက်တွေ မ၀င်စေနိုင်ဘူး။

အညာဒေသနဲ့ ရှမ်းကုန်းပြင်မြင့်ဒေသတွေမှာ ဒီငရုတ်ပွခေါ် ပန်းငရုတ်အခြောက်ကို ညှာတံမဖြုတ်ပဲ အိမ်ခေါင်မိုး
တွေမှာ စွဲထားတတ်ပါတယ်။ ဒီလိုလုပ်တာ ခြင်/ယင် အစရှိတဲ့ အင်းဆက်တွေကို မ၀င်စေဘူးလို့ ဆိုပါတယ်။
သိပ္ပံနည်းကျအနေနဲ့လည်း ဒီငရုတ်သီးခြောက်ကနေ ထုတ်ပေးတဲ့ gas နဲ့ အငွေ့အသက်ဟာ အင်းဆက်တွေကို
ပြေးစေနိုင်တယ်လို့ ဆိုပါတယ်။

6. အသားအရေကို ကာကွယ်ပေးတယ်။

ပန်းငရုတ်ကို စားပေးရင် နေလောင်ဒဏ်ကြောင့် ပျက်စီးတဲ့ အသားအရေတွေ၊ အညိုအမည်းစွဲတာတွေ၊ အရေ
ပြားကင်ဆာ အစရှိတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

7. အဆုတ်ကို ကျန်းမာစေတယ်။

ပန်းငရုတ်မှာ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို ကောင်းမွန်စေနိုင်တဲ့ ဓာတ်တွေ မြောက်များစွာ ပါဝင်ပါ
တယ်။ အသက်ရှူမ၀ခြင်းနဲ့ ပန်းနာရင်ကြပ်-စသည် ရောဂါတွေ ခံစားနေရသူများအဖို့ သင့်တော်တဲ့ စားဖွယ်
ဖြစ်ပါတယ်။

8. မျက်လုံးအမြင်ကို ကောင်းမွန်စေနိုင်တယ်။

ပန်းငရုတ်မှာပါတဲ့ Zeaxanthin ဓာတ်ဟာ မျက်လုံးအမြင် စူးရှမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် K
နဲ့ ဗီတာမင် B6 ဟာလည်း မျက်စိအမြင် မှုန်ဝါးခြင်းကို ကာကွယ်ပေးနိုင်ပြီး စာဖတ်များသူတွေ၊ ကွန်ပျူတာ
သမားတွေအတွက် သင့်တော်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

0 (0 Votes)